အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက တစ်နိုင်ငံလုံး တစ်ပြေးညီ အနိမ့်ဆုံးလုပ်ခ ကျပ်  ၄၈ဝဝ ပေး ရန်သတ်မှတ်

...

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက တစ်နိုင်ငံလုံး တစ်ပြေးညီ အနိမ့်ဆုံးလုပ်ခ ကျပ်  ၄၈ဝဝ ပေး ရန်သတ်မှတ်

Myanmar Times, 3 January 2018, 03 Jan 2018

URL: https://www.mmtimes.com/news/national-wage-panel-approves-k4800-minimum-wage.html
၄,၈ဝဝ ပေးရန် ဒီဇင်ဘာလ ၂၉ ရက်က နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီညှိနှိုင်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။ ''အနည်း ဆုံးအလုပ်သမားအရေအတွက်ကတော့ ၁ဝ ဦးနဲ့ အထက်ရှိရမယ်။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်မခွဲခြားဘဲနဲ့ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်တာဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ခြင်းအားဖြင့် အလုပ်သမား တွေလည်း လက်ခံနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီးဦးသိန်းဆွေက အစည်းအဝေးအပြီး သတင်းမီဒီယာများသို့ပြောကြားသည်။

ရက်ပေါင်း ၆ဝ အတွင်း

တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်သမားတစ်ဦး တစ်ရက် အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၄၈ဝဝ ပေးရန် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ သတ်မှတ်ချက်အပေါ် အလုပ်ရှင်နှင့် အလုပ် သမားတို့ဘက်ကကျေနပ်မှုမရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ တင်ပြနိုင်ကြောင်း ဝန်ကြီးက ပြောကြားသည်။ သတ်မှတ်နှုန်း ထားအပေါ် ရက်ပေါင်း ၆ဝ အတွင်း သဘောထား ကွဲလွဲမှု မရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ သို့ တင်ပြ အတည်ပြုသွားမည်ဖြစ်သည်။