အစိုးရမှ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ တိုးပေးမည်

...

အစိုးရမှ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ တိုးပေးမည်

Myanmar Times, 02 Jan 2018

URL: https://www.mmtimes.com/news/government-extends-loans-agriculture-construction-sme-sectors.html
နိုင်ငံပိုင်မြန်မာ့စီးပွာရေးဘဏ်(MEB) သည် စိုက်ပျိုးရေးကုမ္ပဏီများ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ချေးငွေကာလသက်တမ်းတိုးပေးမည်ဖြစ်ကြောင်း အစိုးရက ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။ ထိုကဏ္ဍ ၃ ရပ်အတွက် ချေးငွေများကို ၃ နှစ် မှ ၅နှစ် အထိ တိုးပေးမည်ဖြစ်သည်။

MEB သည် မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးရေးဘဏ်မှတဆင့် စိုက်ပျိုးရေးကဏ္ဍကို ချေးငွေများ တိုးပေးမည်ဖြစ်သည်။ ငါးသားဖောက်စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အတိုးနှုန်း ၉ ရာခိုင်နှုန်း ပေးသွားမည်ဖြစ်သည်။

ဆောက်လုပ်ရေးကဏ္ဍအား MEB သည် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတဆင့် ငွေကြေးပံ့ပိုးပေးမည်ဖြစ်ပြီး ဆက်စပ်မှုရှိသည့်စီးပွားရေးလုပ်ငန်းများသို့လည်း အတိုးနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် ချေးပေးသွားမည်ဖြစ်သည်။