မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ပြဋ္ဌာန်း

...

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ပြဋ္ဌာန်း

The Global New Light of Myanmar, 06 Jan 2018

URL: https://issuu.com/myanmarnewspaper/docs/6_jan_18_gnlm
အနာဂတ်တွင် တိုင်းပြည်၏ အခန်းကဏ္ဍအားလုံး၌ လူငယ်များ၏ ဦးဆောင်စွမ်းရည် မြှင့်တင်နိုင်ရေးအတွက် လိုအပ်သော အရည်အသွေးပြည့်မီသည့် ပညာသင်ယူရေး အခွင့်အလမ်းများ ဖော်ထုတ်ပေး
နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချိရေး အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့၌ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂
တွင်ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

လူငယ်ရေးရာမူဝါဒကြမ်းအား တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရွေးချယ်ထားသည့် လူငယ်ကိုယ်စားပြုများ၏ အကြံပြု၊ဆွေးနွေးချက်များဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြု
လုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေး
ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့တို့မှလည်း လူငယ်ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်း၍ မူကြမ်းကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံမှ တိုင်းပြည်ရှိ ပြည်သူလူထုအားလုံးမှ
၎င်းတို့၏ အရည်အချင်းများကို မြှင့်တင်ကြရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၏စီးပွားရေးနှင့်ပညာရေးသည် တိုးတက်ကောင်းမွန်လာမည်ဟု သူမ မျှော်လင့်ကြောင်း နိုင်ငံတော်အတိုင်ခံက ပြောကြားခဲ့သည်။ လူငယ်များသည် တိုင်းပြည်အောင်မြင်စေရာတွင် အဓိကကျ
ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏လူဦးရေ ၃ ပုံ၁ ပုံသည်လူငယ်များဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့်သန်းခေါင်စာရင်းရ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်ကနေ ၃၅ နှစ်ကြားတွင် ရှိသည်။

လူငယ်ရေးရာမူဝါဒတွင် ပြည်နယ်နှင့်တိုင်းဒေသအဆင့် ဆွေးနွေးမှုများမှ ရရှိလာသည့် အစီအစဉ်များနှင့် လူငယ်များ၏ အကြံပြုချက်များပါဝင်သည်။

လူငယ်မူဝါဒအသစ်သည် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါအန္တရယ်၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာသုတေသန၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု စသည်တို့နှင့် သက်
ဆိုင်သည့် ကိစ္စရပ်များအပေါ် ဦးတည်ထားသည်။ လူငယ်စင်တာများနှင့် လွတ်လပ်သောလူငယ်အဖွဲ့အစည်းများသည် လူငယ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များမှတဆင့် လူငယ်များကို ကူညီပေးမည်ဖြစ်သည်။

လူငယ်ကော်မတီ၏ လုပ်ငန်းတာဝန်မှာ မူဝါဒကို နှစ်စဉ်နှစ်တိုင်း ပြန်လည်သုံးသပ်ရန်နှင့် ပြင်ဆင်မှုပြုရန် ဖြစ်သည်။

မူဝါဒတွင် မသန်စွမ်းလူငယ်များ၊ မိဘမဲ့များ၊ လူငယ်ရွှေ့ပြောင်းအလုပ်သမားများ၊ စစ်ဘေး သို့ သဘာဝဘေးဒဏ်ခံရသည့်လူငယ်များ၊ လိင်ပြောင်းလူငယ်များ၊ တိုင်းရင်းသားလူငယ်များ၊ ကလေးစစ်သား
များ၊ လူကုန်ကူးခြင်းခံရသည့်လူငယ်များ၊ ဆေးစွဲနေသူများ၊ AIDS ရောဂါဝေဒနာခံစားနေရသူများ၊ လိင်အလုပ်သမားများနှင့် ကလေးသူငယ်လိင်အကြမ်းဖက်ခံရသူများ စသည်တို့အတွက် အစီအစဉ်များ
ကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သည်။

၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ (၅၁.၄)သန်းခန့်ရှိပြီး ၎င်းတို့အနက် လူငယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်နိုင်သော အသက်အပိုင်းအခြားအ
လိုက် လူဦးရေအချိုးအစားမှာ အသက်၁၅ နှစ်မှ ၁၉ နှစ် အထိ ၉.၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ မှ ၂၄ နှစ် အထိ ၈.၆၁ ရာခိုင်နှုန်း၊ အသက် ၂၅ မှ ၂၉ အထိ ၈.၂၅ ရာခိုင်နှုန်း၊ အသက် ၃၀ မှ ၃၄ နှစ် အထိ
၇.၇၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။