အဓိကမွန်ပါတီနှစ်ခု ပေါင်းစည်းရန် ဆွေးနွေး

...

အဓိကမွန်ပါတီနှစ်ခု ပေါင်းစည်းရန် ဆွေးနွေး

Eleven Myanmar, 03 Jan 2018

URL: http://www.elevenmyanmar.com/politics/12995
မွန်နိုင်ရေးပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMRDP) နှင့် မွန်အမျိုးသားပါတီ (MNP)မှ ပါတီထိပ်သီးခေါင်းဆောင်များသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌
ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

AMRDP နှင့် MNP မှ ထိပ်ပိုင်းဆိုင်ရာတာဝန်ရှိသူများမှ ယခင်အလွတ်သဘောအစည်းအဝေးမှ သဘောတူညီမှုများကို အတည်ပြုပေးခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMRDP)မှ အတွင်း ရေးမှူးဖြစ်သူ နိုင်စံတင်က Daily Eleven newspaper သို့ပြောခဲ့သည်။

နှစ်ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းများကို ညှိနှိုင်းနိုင်ရန်အတွက် လဲလှယ်လေ့လာသွားမည်ဖြစ်ကြောင်း ၊ (၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် နှစ်ပါတီပူးပေါင်းပြီး ကြေငြာချက်ထုတ်ပြန်သွားမည်ဖြစ်
ကြောင်း၊ (၂၁)ရာစုပင်လုံညီလာခံနှင့်ပတ်သတ်၍ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို နှစ်ပါတီပူးပေါင်းဆောင်ရွက်နိုင်ရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် မွန်ပြည်သူ့ ညီလာခံနှင့်ပတ်သတ်၍ ပါတီအလိုက် အသီးသီးသဘောထား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း နိုင်စံတင်က ပြောသည်။

မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးနှင့်ပတ်သတ်ပြီး ဒီဇင်ဘာလ ၂၈ ရက်က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ပြုလုပ်ခဲ့သည့်ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်နေ့အထိမ်းအမှတ်
အခမ်းအနားနေ့တွင် မွန်လူငယ်များက ဆန္ဒပြုလက်မှတ်ကောက်ခံခြင်းများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီလအတွင်း ပြုလုပ်မည့် မွန်ပြည်သူ့ညီလာခံသို့ တင်သွင်းမည်ဖြစ်သည်။