နှစ်သစ်ကူး၌ ငြိမ်းချမ်းရေးအလားအလာကို စိစစ်လေ့လာခြင်း

...

နှစ်သစ်ကူး၌ ငြိမ်းချမ်းရေးအလားအလာကို စိစစ်လေ့လာခြင်း

The Irrawaddy,, 01 Jan 2018

URL: https://www.irrawaddy.com/news/burma/analysis-prospects-peace-new-year.html
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနှစ်အဖြစ် ညွှန်းဆိုခဲ့သည့် ၂ဝ၁၇ ခုနှစ်သည် ကုန်ဆုံးသွားပြီဖြစ်သည်။ သို့သော် မျှော်မှန်းခဲ့သည့်အ တိုင်း အနှစ်သာရ ပြည့်ဝသည့်
ငြိမ်းချမ်းရေးနှစ်တော့ မဖြစ်ခဲ့ပေ။

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့်အတူ ငြိမ်းချမ်းရေးစကားဝိုင်းများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ် ကြိမ်ကျင်းပခဲ့သော်လည်း တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးသဘောတူစာ
ချုပ်(အင်န်စီအေ)တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေ သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာအောင် မဆွဲဆောင်နိုင်ခဲ့ပေ။

၂ဝ၁၇ ခုနှစ်၊ မေလကုန်တွင် ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် အစိုးရနှင့် အင်န်စီအေ လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့သည် ပြည်ထောင်စုသ
ဘောတူစာချုပ် အစိတ်အပိုင်း(၁)၏ အချက် ၃၇ ချက်ကို သဘောတူညီမှု ရရှိခဲ့သည်။

ထိုသဘောတူညီချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ရရှိခဲ့သည့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်၏ တစ်ခုတည်းသော နိုင်ငံရေးဆွေးနွေးမှုရလဒ်ဖြစ်သည်။

အင်န်စီအေစာချုပ်၏ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ခုနစ်ဆင့်အနက် အဆင့် (၃) ဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကို ညီလာခံ မကျင်းပမီ အပစ်ရပ်အဖွဲ့အားလုံး၏ အခြေစိုက်ရာ
နေရာတိုင်းတွင် ကျင်းပနိုင်ရန် အရေးကြီးသည်။

အင်န်စီအေ လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့အချို့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် အခက်အခဲရှိနေခြင်း၊ အစိုးရနှင့်
လက်မှတ်ထိုးရေး ညှိနှိုင်းနေသည့် ကာလအတွင်း မွန်ပြည် သစ်ပါတီ ဌာနချုပ်အနီးတွင် တပ်မတော်စစ်ကြောင်းများ ပိုမိုများပြားလာခြင်းက လက်မှတ်ထိုးရေးကို တွန့်ဆုတ်စေသည် ဟု UNFC ပြောရေး
ဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ဆိုသည်။

၂ဝ၁၈ ခုနှစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သတ်၍ ပထမဆုံးတွေ့မြင်ရမည်က ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပရန် ရည်မှန်းထား သည့် ၂၁ ရာစု ပင်လုံတတိယအကြိမ်ညီလာခံဖြစ်သည်။ ယင်းညီလာ
ခံမတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပေါင်းလက္ခဏာ ဆောင်မည့် ရလဒ်များလည်း မျှော်လင့်စရာ ဖြစ်နေသည်။

မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ−ကက်ပလန် (NSCN-K) အဖွဲ့များသည် အင်န်စီအေ လက်မှတ်ထိုးနိုင်ရန် အလားအလာအကောင်းဆုံးဖြစ်သည်ဟု
ခွန်ဥက္ကာက ဆိုသည်။

ငြိမ်းချမ်းရေးရရန် အထူးခက်ခဲနေသည့် အခြေအနေတစ်ခုမှာ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပြားခြင်း၊ ငြိမ်း ရေးဆွေးနွေးမှုတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့တင်မက ပါဝင်လုပ်
ဆောင်ရမည့် အဖွဲ့အစည်းများနေခြင်းကြောင့်ဖြစ်သည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။