ကယားပြည်နယ် လွှတ်တော် အရပ်ဘက်ကိုယ်စားလှယ် ၄ ဦး နှုတ်ထွက်စာတင်

...

ကယားပြည်နယ် လွှတ်တော် အရပ်ဘက်ကိုယ်စားလှယ် ၄ ဦး နှုတ်ထွက်စာတင်

The Irrawaddy, 11 Jan 2018

URL: https://www.irrawaddy.com/news/burma/karenni-civil-society-reps-quit-panel-over-state-parliaments-silence-on-killings.html
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး တရားမျှတမှု မ ဖော်ဆောင်နိုင်သည့်အတွက်ဟုဆိုကာ ကယားပြည်နယ်
လွှတ်တော် အရပ်ဘက် ကိုယ်စားလှယ် ၄ ဦး နုတ်ထွက် စာတင်ကြောင်း သိရသည်။

ထို့အပြင် ဆန္ဒဖော်ထုတ်သည့် လူငယ် ၅ ဦး တရားစွဲဆို ဖမ်းဆီးခံရမှုအပေါ် နှုတ်ပိတ်နေသည့် ပြည်နယ်အစိုးရနှင့် လွှတ်တော်အား ကိုယ်စားလှယ် ၄ ဦးက အယုံအကြည်မရှိဟု လည်း ဆို
သည်။

ယင်း ကိုယ်စားလှယ် ၄ ဦးသည် ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီမှ အရပ်ဘက် ကိုယ်စားလှယ် ၄ ဦး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က KNPP ရဲဘော် ၃ ဦးနှင့် ရွာသား ၁ ဦးကို တပ်မတော်က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းအပေါ် တရားဝင်သတင်း ထုတ်ပြန်ပေးရန်နှင့် တရားမျှတမှု
ဖော်ဆောင်ပေးရန် ကရင်နီပြည် လူငယ်များ သမဂ္ဂနှင့် ကရင်နီ ပြည် တောင်သူများ သမဂ္ဂအဖွဲ့ဝင် လူငယ် ၅ ဦးက ၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် ၂၀၁၈ ဇန်
နဝါရီ ၅ ရက်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉)ဖြင့် တရားစွဲဆို ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ ပြည်နယ်အစိုးရနှင့် လွှတ်တော်က ယနေ့အချိန်အထိ တစုံတရာဖြေရှင်းမှုမရှိသောကြောင့် ကယားပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေး မ
ဏ္ဍိုင်များအပေါ် အယုံအကြည် မရှိတော့သကဲ့သို့ ကော်မတီတွင်လည်း ဆက်လက်ပါဝင်ရန် ဆန္ဒမရှိတော့သည့်အတွက် နုတ်ထွက်စာတင်ရခြင်း ဖြစ်ကြောင်း နုတ်ထွက်သူများက ပြောသည်။

ကော်မတီတွင် ပါဝင်သည့် အရပ်ဘက်ကိုယ်စားလှယ် ၄ ဦးစလုံး နှုတ်ထွက်သွားသည့်အတွက် ကော်တီအနေဖြင့် အင်အားနည်း သွားနိုင်ပြီး ပြည်သူများက တိုင်တန်းလာမှုများ၊ ပြည်နယ်လွှတ်
တော်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်း များအနေဖြင့် သိရှိမှု အားနည်းသွားနိုင်သော်လည်း ပြည်နယ်အစိုးရနှင့် လွှတ်တော်အပေါ် ပြည်သူလူထုနှင့် အရပ်ဘက်
အဖွဲ့များက အယုံအကြည် ကင်းမဲ့နေပြီဟု သိရှိသွားနိုင်ကြောင်း နုတ်ထွက်စာတင်သူများက ပြောသည်။

ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီကို အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် ၄ ဦး အပါအဝင် စုစုပေါင်း ၂၄ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊
ပြည်သူများက တိုင်ကြားထား၍ ကြားနာဆဲအမှု ၂ ခုရှိပြီး မြန်မာ့ တပ်မတော်မှ မြေသိမ်းထားသည့်ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားထားသည့် အမှု ၄ ခုရှိကြောင်း သိရသည်။