မြန်အောင်အမတ် ဦးလှမိုးအောင်ကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်ခန့်

...

မြန်အောင်အမတ် ဦးလှမိုးအောင်ကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်ခန့်

The Irrawaddy, 18 Jan 2018

URL: https://www.irrawaddy.com/news/burma/new-irrawaddy-chief-minister-vows-boost-regional-economy-agriculture.html
မြန်အောင်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ယနေ့
ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၈) ထံသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ အမည်စာရင်း ပေးပို့ခဲ့ရာ သမ္မတမှ အမည်
စာရင်းတင်သွင်းသူ ဦးလှမိုးအောင်အား ဝန်ကြီးချုပ် အဖြစ် ဧရာဝတီတိုင်းလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ဦးလှမိုးအောင်အား ဝန်ကြီးချုပ်ခန့်အပ်ရန် ကန့်ကွက်မည့် သူရှိပါ က ကန့်ကွက်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ကန့်
ကွက်လွှာဖိတ် ခေါ်ခဲ့သော် လည်း ကန့်ကွက်သူ မရှိသည့်အတွက် ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ်ခန့်အပ်ရန် သဘောတူကြောင်း ဧရာဝတီတိုင်းဒေ သကြီး လွှတ်
တော်က ဆုံးဖြတ်ခဲ့သည်။

ဧရာဝတီတိုင်းလွှတ်တော်၏ ယနေ့ ဆုံးဖြတ်ချက်ကြောင့် ကျုံ ပျော်အမတ် မန်းဂျော်နီ၏နေရာကို ဆက်ခံရမည့် မြန်အောင် အမတ် ဦးလှမိုးအောင်မှာ ဧရာဝတီတိုင်း
ဒေသကြီးအစိုးရအဖွဲ့၏ တတိယမြောက် ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတမှ ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် အစိုးရသက်တမ်း ၃ နှစ်ကာလကို
ဧရာဝတီတိုင်းအစိုးရအဖွဲ့အား ဦးဆောင်၍ စီမံအုပ် ချုပ်ရမည် ဖြစ်သည်။

“ဧရာဝတီတိုင်းရဲ့ စီးပွားရေး တိုးတက်အောင် အဓိကထား ဆောင်ရွက်သွားမှာပါ။ စိုက်ပျိုးရေးကနေ အဓိကထားပြီး လုပ်မယ်။ အဲဒါနဲ့ တဆက်တည်း တိုးတက်အောင်ပံ့
ပိုးရမှာကလမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍတွေကို တတ်နိုင်သရွေ့ ကျနော်ရတဲ့အချိန်တိုအ တွင်းမှာ အစီအမံကောင်းတွေ ချမှတ်လုပ်ဆောင်မှာပါ။ အဂတိလိုက်
စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေလည်း လုပ်သွားမှာပါ။ ကျနော် အာမခံတာကတော့ ပြည်သူလူထုအတွက် ကျနော် ကြိုးကြိုးစားစား အလုပ်လုပ်သွားမယ်လို့ အာမခံ
ပါတယ်”ဟု ဝန်ကြီး ချုပ်အဖြစ် တာဝန်ပေးခြင်းခံရသူ ဦးလှမိုးအောင်က ဧရာဝတီကို ပြောသည်။

အသက် ၅၆ နှစ်အရွယ်ရှိ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆင်း မြန်အောင်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးလှမိုးအောင်မှာ မြန်အောင်မြို့
နယ် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ လွှတ်တော်အမတ် ဖြစ်လာခဲ့သူ ဖြစ်သည်။ ဝန်ကြီးချုပ် မဖြစ်မီက ဧရာဝတီတိုင်း
ဒေသကြီး လွှတ်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် သယံဇာတရေးရာ ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။