သဘာဝပတ်ဝန်းကျင်နှင့်ပတ်သတ်၍ ဂျပန်မှ အကူအညီများ တိုးမြှင့်ပေးမည်

...

သဘာဝပတ်ဝန်းကျင်နှင့်ပတ်သတ်၍ ဂျပန်မှ အကူအညီများ တိုးမြှင့်ပေးမည်

The Myanmar Times, 18 Jan 2018

URL: https://www.mmtimes.com/news/japan-boost-help-environment.html
သဘာဝပတ်ဝန်းကျင်အကြောင်းကိစ္စရပ်များနှင့်ပတ်သတ်၍ ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် ဂျပန်နှင့်မြန်မာနိုင်ငံသည် နားလည်မှုသဘောတူစာချွန်လွှာကို မကြာမီ လက်မှတ်ရေးထိုးမည်ဖြစ်သည်ဟု နေပြည်တော်တွင်ကျင်းပသည့် ရေဆိုးများစွန့်ပစ်မှုဆိုင်ရာစီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ
ဦးလှမောင်သိန်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ နားလည်မှုသဘောတူစာချွန်လွှာကို အစိုးရဆီ ပို့လိုက်ပါပြီ၊ အစိုးရက မီးစိမ်းပြတာနဲ့ ချက်ချင်းလက်မှတ်ထိုးမှာပါ” ဟု ၎င်းက The Myanmar Times သို့ အင်္ဂါနေ့တွင် ပြောကြားခဲ့
သည်။

အဓိကပစ်မှတ်မှာ လေထုအရည်အသွေးကောင်းမွန်လာစေရန်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချရန်နှင့် ရာသီဥတုပြောင်းလဲခြင်းကို လျော့ချဖို့ ခြေလှမ်းအစပြုရန်ဖြစ်သည်။

အလုပ်ရုံအစည်းအဝေးတွင် ရေဆိုးစွန့်ပစ်မှုစီမံခန့်ခွဲရေးစီမံချက်၊ အနာဂတ်စီမံချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများနှင့်အလေ့အကျင့်များ စသည်တို့ကဲ့သို့ နှစ်နိုင်ငံတွင်း ပူးပေါင်း
ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။