ထိုင်းနိုင်ငံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်အားခ ၂၂ ဘတ်ထိ တိုးမြှင့် သတ်မှတ်ရန် ဆုံးဖြတ်

...

ထိုင်းနိုင်ငံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်အားခ ၂၂ ဘတ်ထိ တိုးမြှင့် သတ်မှတ်ရန် ဆုံးဖြတ်

The Myanmar Times, 19 Jan 2018

URL: https://www.mmtimes.com/news/myanmar-workers-may-gain-thai-basic-wage-hike.html
ထိုင်းနိုင်ငံရှိ အလုပ်သမားများကို လုပ်အားခ ၃၀၈ ဘတ်မှ ၃၃၀ ဘတ်အထိ တိုးမြှင့်သတ်မှတ်ပေးရန် ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်သော အနိမ့်ဆုံးလုပ်အားခကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံးလုပ်အားခကို ၅ ဘတ်မှ ၂၂ ဘတ်အထိ ခရိုင်အလိုက် တိုးမြှင့်ပေးနိုင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းအလုပ်သမားဝန်ကြီးမှတဆင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်သော
ထိုင်းအစိုးရ ကတ်ဘိနက် အစည်းအဝေးသို့ဆက်လက် အတည်ပြုနိုင်ရန် တင်သွင်းသွားမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) မှ ဥက္ကဌဦးစိန်ဌေး က ပြောသည်။

"ခရိုင်အလိုက် ၅ဘတ်ကနေ ၂၂ဘတ်အထိ တိုးပေးလိုက်တယ်၊ နှုန်းထားတွေက ဘယ်လိုဖြစ်သွားမလဲဆိုတော့ အနိမ့်ဆုံး ၃၀၈ ဘတ်ကနေ အမြင့်ဆုံး ၃၃၀ ထိ ဖြစ်သွားတယ်။ ခရိုင်အလိုက်ရကြမယ်။
ဒါက ဒီလိုပဲ နှစ်အလိုက် တိုးရမယ်လေ။ ဒီသတ်မှတ်ချက်က အလုပ်သမားတိုင်း အကျိုးခံစားခွင့်ရမယ်။ အခုတိုးမယ်လို့ ပြောပေမယ့် ၄ လပိုင်း ၁ ရက်နေ့မှ စပြီး အကျုံးဝင်မှာပါ" ဟု ဦးစိန်ဌေး က
ပြောသည်။

အဆိုပါ အနိမ့်ဆုံး လုပ်အားခ တိုးမြှင့်မှုသည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အခြားလာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက်လည်း အကျုံးဝင်မည်ဖြစ်
ကြောင်း သိရသည်။

တိုးမြှင့်သတ်မှတ်နှုန်းထားများကို ထိုင်းအစိုးရ ကတ်ဘိနက်အစည်းအဝေးက အတည်ပြုပြီး လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ခံစားရရှိမည်ဖြစ်ကြောင်း သူကပြောသည်။