ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ဆရာမ ၂၅၀၀၀၀ ဦးအား ဒုတိယတန်းသင်ရိုးညွှန်းတမ်းသစ်အတွက် လေ့ကျင့်ပေးမည်

The Myanmar Times, 19 Jan 2018
URL: https://www.mmtimes.com/news/ministry-train-250000-teachers.html
ပညာရေးဝန်ကြီးဌာနသည် ဒုတိယတန်းသင်ရိုးညွှန်းတမ်းသစ်ကို သင်ကြားပေးရန်အတွက် နိုင်ငံတဝန်းရှိ သင်တန်းဆရာ၊ဆရာမ ၂ သိန်း ၅သောင်းကျော်အား လေ့ကျင်ပေးမည်ဖြစ်ကြောင်း
အဆင့်မြင့်ပညာရေးဌာန ပညာရေးဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်စန်းစန်းနုကပြောသည်။
“သင်တန်းကို တစ်ဆင့်ပြီး တဆင့် ဆက်လက်ပေးသွားမှာပါ။ ဗဟိုအဆင့်သင်တန်းဆရာတွေက ဒေသကြီးနဲ့ ပြည်နယ်အဆင့်ကို သင်တန်းပေးသွားမှာဖြစ်ပြီး ဒေသကြီးနဲ့ ပြည်နယ်အဆင့်သင်
တန်းဆရာတွေက မြို့နယ်နဲ့အဆင့်ဆင့်ကို သင်တန်းပေးသွားမှာပါ ” ဟု ဒေါ်စန်းစန်းက The Myanmar Times သို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ပညာရေးကောလိပ်များမှ ဆရာ၊ဆရာမ ၃၂၂ ဦးသည် ဗဟိုအဆင့်ဆရာသင်တန်းကို တက်ရောက်နေကြသည်။ JICA ဖန်တီးပေးသည့်စီမံကိန်းနှင့် အဆင့်မြင့်ပညာရေးဌာနမှ သင်
တန်းဆရာ ၃၀ နီးပါးသည် သင်တန်းပို့ချပေးလျှက်ရှိသည်။
ပညာရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ခုနှစ်ကတည်းကပင် သင်ရိုးညွှန်းတမ်းသစ်ကို အကောင်အထည်ဖော်ခဲ့ပြီး အဓိကအချက် ၅ ချက်ဖြစ်သည့် ကာယ၊ ဉာဏ၊ကိုယ်ကျင့်တရား၊ ချစ်ကြည်
ရင်းနှီးမှုနှင့်သာယာဝပြောမှု စသည်တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည်။ ထိုသင်ရိုးညွှန်းတမ်းသစ်ကို ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများက ရေးဆွဲခဲ့သည်။
အမျိုးသားပညာရေးဥပဒေအောက်တွင် အခြေခံပညာရေးကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ဟူ၍ ခွဲခြားထားသည်။ အစိုးရ၏ သင်ရိုးညွှန်းတမ်းသစ်တွင် ကလေးများသည် မူ
လတန်းကြိုပြီးစီးသည့်နောက်တွင် ၁၂ တန်းထိ သင်ယူရမည်ဖြစ်သည်။
ဒုတိယတန်း သင်ရိုးညွှန်းတမ်းသစ်တွင် ဘာသာရပ်(၉)ခုရှိပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှု၊ သိပ္ပံ၊ ဘဝကျွမ်းကျင်မှု၊ စာရိတ္တနှင့် နီတိ၊ ကာယပညာရေး၊ အနုပညာ (ဂီတနှင့် ပန်းချီ) စသည်
တို့ဖြစ်သည်။