နှစ် ရ၀ ပြည့် ကရင်အမျိုးသားနေ့ကို ဧရာဝတီ၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် ကျင်းပမည်

...

နှစ် ရ၀ ပြည့် ကရင်အမျိုးသားနေ့ကို ဧရာဝတီ၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် ကျင်းပမည်

Burma News International, 08 Feb 2018

URL: https://www.bnionline.net/en/news/70th-karen-national-day-be-marked-ayeyarwaddy-yangon-mon-state
ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ ပြည့်နှစ် ကရင်အမျိုးသားနေ့ အခမ်းအနားများကို ဧရာဝတီနှင့် ရန်ကုန် တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ကျင်းပသွားမည်ဟု သက် ဆိုင်ရာ ကျင်းပရေးကော်မတီ တာဝန်ရှိသူများက ကေအိုင်စီသို့ အသီးသီး ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းအဆင့် နှစ် ၇၀ ပြည့် ကရင် အမျိုးသားနေ့ အခမ်းအနားကို ပုသိမ်မြို့၊ ပုသိမ်-မြောင်းမြ သာ သနာနယ် ကိုသာဖြူခန်းမ၌ ပြုလုပ်သွားမည်ဖြစ်သလို မြောင်း မြ၊ ကျောင်းကုန်း၊ ကန်ကြီး
ထောင့်၊ ပန်းတနော် စသည့် မြို့နယ် များတွင် ကျင်းပသွားမည်ဟု ကေအိုင်စီက ကနဦး သတင်းရရှိ ထားသည်။

အလားတူ မြောင်းမြမြို့နယ်လုံးဆိုင်ရာ နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို မြောင်းမြမြို့နယ်၊ မဒေါင့်ချောင်း ကျေးရွာ၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး၊ ဟောပြောပွဲများ၊ ယဉ်ကျေးမှုပြခန်းများ၊ စာအုပ်အရောင်း ဆိုင်များ၊ ပြခန်းများကို ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက စတင်ဖွင့်လှစ်မည်ဟု ကျင်းပရေးကော်မတီဝင် မန်းထွန်းလင်းက ကေအိုင် စီသို့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင် နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို အင်းစိန်မြို့နယ်၊ စိန့်ပီတာ-စိန်ပေါလ်ဘုရားကျောင်းဝင်း၊ ဖားစည်ခန်းမ၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ခံ ကရင်လူငယ်
များက ဦးဆောင်ကျင်းပသွားမည်ဟု စီစဉ်နေသူ များက ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်လုံးဆိုင်ရာ နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ကို သထုံမြို့၊ သုဝဏ္ဏခန်းမ၌ ဖေဖော်ဝါရီ ၁၁ ရက်နံနက် ၉နာ ရီတွင် ပြုလုပ်သွားမည်ဟု ကျင်းပရေးတာဝန်ခံ မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများဆိုင်ရာကော်မတီဝင် စောကျော်မိုး က ပြောသည်။

ယခင်နှစ် ၆၉ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားများကို ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် စည် စည်ကားကား ကျင်းပခဲ့သလို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်
မြေ အသီးသီးတွင် ကရင်အမျိုးသားနေ့ အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။