ထားဝယ်အထူးစီးပွားရေးဇုန် လမ်းမကြီးစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည့်အပေါ် KNU သဘောထားထုတ်

...

ထားဝယ်အထူးစီးပွားရေးဇုန် လမ်းမကြီးစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည့်အပေါ် KNU သဘောထားထုတ်

The Irrawaddy, 02 Feb 2018

URL: https://www.irrawaddy.com/news/burma/knu-wants-talks-govt-work-tenasserim-road-resumes.html
ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၃ခုနှစ်က ရပ်ဆိုင်းထား သည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်ကို ချိတ်ဆက်ပေးသည့် နှစ်လမ်းသွားစီးမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည့်အပေါ်
KNU-ကရင်အမျိုးသား အစည်းအရုံးမှ ဖေဖော်ဝါရီလ (၂)ရက်နေ့စွဲပါ သဘောထား ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

ယခင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့က ထိုင်း၊ ဂျပန်နိုင်ငံ အစိုးရများနှင့် ပူးပေါင်း၍ စီမံကိန်းကို ပြန်လည် စတင်ရန် နိုင်ငံတော်အစိုးရမှ သတင်းထုတ်ပြန်ထား သည့်အပေါ် KNU မှ ၎င်းတို့ ထိန်းချုပ်နယ်
မြေရှိ ထိန်းသိမ်းထားသော သဘာဝသစ်တောဧရိယာများကို ဖြတ်သန်းသွားမည့် ၎င်းစီမံကိန်းအတွက် ပါဝင်ပတ်သက်သူများအနေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး ပြုလုပ်ရမည့် ၎င်းတို့၏ သဘောထားများကို ဖော်
ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် KNUနှင့် ယခင် ၂၀၁၅ခုနှစ်၊ အောက် တိုဘာလ ၁၅ရက်နေ့က လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ ပြဌာန်းချက်များအရ
လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ အခြေခံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို KNUနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ရမည်ဖြစ်သလို စီမံကိန်းကိုအကောင်အထည်ဖော်ရာတွင် ပါဝင်သူများ အနေဖြင့် ၎င်းတို့၏ သ
ဘောထား(၄)ရပ်ကို ပြုလုပ်ရမည်ဟု ထုတ်ပြန်ချက်၌ဆိုထားသည်။

၎င်းသဘောထား (၄)ရပ်တွင် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရာတွင် ပြည့်စုံလုံလောက်သော သဘာဝပတ်ဝန်းကျင် နှင့်လူမှုဘဝဆိုင်ရာ ထိခိုက်ပျက်စီးမှု ဆန်းစစ်လွှာ(ESIA)ကို မြန်မာနိုင်ငံ၏ ဥပဒေ၊
KNU၏ မြေယာ၊ သစ်တောမူဝါဒများနှင့် နိုင်ငံတ ကာစံချိန်စံနှုန်း အတိုင်းလုပ်ဆောင်ရန်၊ ဒေသခံများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်နှင့် ပြည်ထောင်စု အကြား အခွန်ဘဏ္ဍာများခွဲ
ဝေခြင်း၊ ဒေသခံများပါဝင်ခွင့် စသည့် အစီအမံများပါဝင်ရေးအတွက် KNUအပါအဝင် သက်ဆိုင်ရာပါ ဝင်ပတ်သက်သူ များနှင့် ညှိနှိုင်းတိုင်ပင်ကာ သဘောတူညီချက်ရရှိရေးကို ဦးစွာဆောင်ရွက်ရန်ပါရှိသည်။

၎င်းအပြင် စီမံကိန်းအကောင်အထည်ဖော်ရာတွင် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ကြိုတင် အသိပေးတိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း၊ ၎င်းတို့ ဆုံးရှုံးသွားသော မြေယာများနှင့် အသက်မွေး
ဝမ်းကျောင်းအတွက် မျှတသော လျော်ကြေးနှင့် အစားထိုးမြေယာပြန်ချပေးခြင်းကို အပြီးသတ်ဖြေရှင်းပေးရမည့်အပြင် ဒေသခံများအတွက် စျေးကွက်ပေါ်ထွန်းရေးနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်
များတွက် ထောက်ပံ့ခြင်းများပြုလုပ်ရမည်ဖြစ်ပြီး တည်ဆောက်မည့် လမ်းမကြီး၏ ဖွဲ့စည်းတည် ဆောက်ပုံနှင့်ဒီဇိုင်းရေးဆွဲရာတွင် သစ်တော၊ မြစ်ချောင်း၊ ဇီဝမျိုးကွဲများ၊ ကရင်လူမျိုးနှင့် အခြားတိုင်းရင်းသားလူမျိုးများ
၏နေထိုင်မှု ကိုထိခိုက်ပျက်စီးမှု နည်းပါးအောင်ပြုလုပ်ခြင်း အစီအစဉ်များပါဝင်ရမည်ဟု ထိုထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြ ထားသည်။

၂၀၀၈ ခုနှစ်က စတင်ခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် ထားဝယ်မြို့၏ မြောက်ဘက် ၂၀ ကီလိုမီတာ အကွာတွင် တည်ရှိပြီး စိုက်ပျိုးရေးအဓိက လုပ်ကိုင်သည့် ဧရိယာ၂၀၄.၅၁ စတုရန်းကီလိုမီတာ အကျယ်
အဝန်းရှိကာ အဆိုပါစီမံကိန်းကြောင့် မြေယာ လျှော်ကြေးပြဿနာ၊ အလုပ်သမားပြဿနာများစွာပေါ်ပေါက်ခဲ့ပြီး လက်ရှိ တွင် ၎င်းစီမံကိန်းကိုပြန်စတင်မည်ဆိုပါက ပြဿနာအ ဟောင်းများကို ကနဦးဖြေရှင်းပေးရန်
လိုအပ်ကြောင်းလည်း နော်ပီသလောက အကြံပြုပြောဆိုသည်။