မွန်ပြည်သစ်ပါတီ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းကို သြစတေးလျ မွန်ဖိုရမ်ထောက်ခံ

...

မွန်ပြည်သစ်ပါတီ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းကို သြစတေးလျ မွန်ဖိုရမ်ထောက်ခံ

Mon News Agency, 01 Feb 2018

URL: http://monnews.org/2018/01/27/australia-mon-forum-supports-nmsp-for-walking-on-nca-path/
သြစတေးလျနိုင်ငံ ကင်ဘာရာမြို့တော်ရှိ သြစတေးလျအမျိုးသား တက္က သိုလ်၌ ကျင်းပဆဲဖြစ်သည့် Mon Democracy and Peace Forum မှ မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်
တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းကို ကြိုဆိုထောက်ခံကြောင်း ယမန်နေ့ အခမ်းအနား တက်ရောက်သူများ အဆိုပြုခဲ့သည်ဟု သိရသည်။

၄င်းအဆိုကို မနက်ဖန် ဖိုရမ်နောက်ဆုံးရက်တွင် အတည်ပြုမည် ဖြစ်ကြောင်း အခမ်းအနားမှူး ဗညားဟံသာက အစီအစဉ်ပြီး ဆုံး ချိန်တွင် ဖတ်ကြားခဲ့သည်။

ဗညားဟံသာက “နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေကို ပြန် လည်သုံးသပ်ရေးဆွဲပြီး ဥပဒေဘောင်အတွင်း မွန်အမျိုးသား အကျိုးစီးပွားဖြစ်ထွန်းစေဖို့ NCA လမ်းကြောင်းပေါ်ကနေ လျှောက်လှမ်းသွားတဲ့နိုင်ငံရေးဖြစ်စဉ်ကို ဒီဖိုရမ်ကနေ ထောက် ခံတဲ့အမြင် သဘော ထားရှိတယ်” ဟု ဆိုသည်။

ထို့အပြင် တစ်ခုတည်းသောမွန်အင်အားစုတစ် ရပ်ဖြစ်ပေါ်လာရေးအတွက် အမျိုးသားရေးတာဝန်ထမ်းဆောင်သူများနှင့် နိုင်ငံရေး သမားများအားလုံး ချစ်ကြည်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်
နိုင်ရေး အလေးအနက်ထား ဆောင်ရွက်သင့်ကြောင်း သဘောထားကို လည်း အဆိုပြုခဲ့သည်ဟု သိရသည်။

ဖိုရမ်ဦးဆောင်ကျင်းပသူ နိုင်သီရိမွန်ချမ်းက “ဒီနေ့ကျင်းပတဲ့ဖိုရမ်မှာ အချက်နှစ်ချက်ကိုအဓိကထား ဆွေးနွေးကြတယ်၊ တစ်အ ချက်က ပြည်တွင်းငြိမ်းချမ်းရေးပေါ့၊ မွန်ပြည်သစ်အနေနဲ့ NCA လမ်းကြောင်းကနေသွားမယ့်အနေအထားကို လက်ခံတဲ့လူ လက်မခံတဲ့လူတွေရှိကြတာပေါ့လေ။ ဒါပေမယ့် တက်ရောက်သူအားလုံးရဲ့အမြင်ကို စုစည်းလိုက်တဲ့အခါမှာတော့ ကာယကံရှင် ဖြစ်တဲ့
မွန်ပြည်သစ်ပါတီရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်လို့ဆိုကြတယ်၊ ပြီးတော့ အလေးအနက် သတိကြီးကြီးထားပြီး NCA အတိုင်းလိုက်ပါသွားဖို့ပေါ့” ဟု ပြောသည်။

ဇန်နဝါရီ ၂၂ မှ ၂၅ ရက်နေ့အထိ ကျင်းပသည့်အဆိုပါဖိုရမ်တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌနှင့် မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်ဟံသာ၊ သြ
စတေးလျမွန်အသင်း ဦးဆောင်ဖွဲ့စည်းခဲ့သူ နိုင်မောင်သောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မွန်တိုင်းရင်းသားအရေးကျွမ်းကျင်သူ Ashley South, မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
HURFOM ဒါရိုက်တာနှင့် မွန်သတင်းအေဂျင်စီအယ်ဒီတာချုပ် နိုင်ကဆော့မွန်၊ မွန်အမျိုးသမီးခေါင်းဆောင် မိကွန်းချမ်းနွန်နှင့် နယ်ပယ် အသီးသီးမှ တက်ကြွလှုပ်ရှားသူများ၊ သြစတေးလျမွန်
အသင်း၊ ကနေဒါ၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်ပေါင်း ၂၀ဝ ဦးခန့် တက်ရောက်လျက်ရှိကြောင်း ဖိုရမ်ကျင်းပရေးအစီအစဉ်အရ သိရသည်။