ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ဧပြီ ၁ ရက်မှစ၍ လျှော့ချ ကောက်ခံမည်

...

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ဧပြီ ၁ ရက်မှစ၍ လျှော့ချ ကောက်ခံမည်

Myanmar Times, 14 Mar 2018

URL: https://www.mmtimes.com/news/company-registration-fees-halve-april-1-more-smes-expected.html
ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား(SME) လုပ်ငန်းများ၏ ကုမ္ပဏီမှတ်ပုံတင်ကြေးကို ဧပြီ ၁ ရက်မှစ၍ လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ
(MIC)မှ သိရသည်။

"ဧပြီ ၁ ရက်ကစတင်ပြီးတော့ ဖြေလျှော့ပေးဖို့ရှိတယ်၊ ပမာဏ ကတော့ ထုတ်ပြောဖို့ စောသေးတယ်၊ သေချာတာက တော့ အရင်မှတ်ပုံတင်ကြေး ငါးသိန်းထက် နည်းမယ်၊ အဓိကကတော့ လုပ်ငန်းစတင်တဲ့သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်လို့ လုပ်တာ ပါ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က မတ် ၆ ရက်
DICA ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ကုမ္ပဏီမှတ်ပုံတင်ကြေးကို ကျပ်ငါးသိန်းကောက်ခံ နေခြင်းဖြစ်ပြီး လုပ်ငန်းလွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်ရေးအ တွက် ဧပြီ ၁ ရက်မှစတင်၍ အသေးစား၊ အလတ်စားလုပ်ငန်း
များ မှတ်ပုံတင်ကြေးကို ကျပ်ငါးသိန်းအောက် လျှော့ချ ကောက် ခံသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ဥပဒေအရ အသေးစားကုမ္ပဏီလေးများကို ခွဲခြားပြီး ကုမ္ပဏီကြီးလျှင် မှတ်ပုံတင်ကြေး တစ်မျိုးနှင့် ကုမ္ပဏီသေးလျှင် မှတ်ပုံတင်ကြေး တစ်မျိုးခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောဆိုသည်။

အသေးစား၊ အလတ်စားလုပ်ငန်းများ အပါအဝင် ပုဂ္ဂလိကကုမ္ပဏီများ၏ ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ယခင် ကျပ် ၁၀ သိန်း ကောက်ခံရာမှ ၂၀၁၆ ခုနှစ် ဇွန်လတွင် ကျပ် ငါးသိန်းအထိလျှော့
ချခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီမှတ်ပုံတင်ကြေးကို ပုဂ္ဂလိကကုမ္ပဏီနှင့် အများပိုင်ကုမ္ပဏီဟူ၍ခွဲခြားပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုလျှင် ကျပ်ငါးသိန်းဖြင့်လည်းကောင်း၊ အများပိုင်ကုမ္ပဏီ
တစ်ခုလျှင် ကျပ် ၂၅ သိန်းဖြင့် လည်းကောင်း သတ်မှတ် ကောက်ခံနေခြင်း ဖြစ်သည်။

MIC သို့ မှတ်ပုံတင်ထားသည့် မြန်မာ ကုမ္ပဏီအကြီးစားနှင့်အသေးစား စုစုပေါင်း ကုမ္ပဏီခြောက်သောင်းကျော်နှင့် နိုင်ငံခြားသား ကုမ္ပဏီခုနစ်ထောင်ကျော်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်း မှတ်ပုံ
တင်ထားသည့် မြန်မာကုမ္ပဏီ အသစ် ခုနစ်ထောင်ကျော်နှင့် နိုင်ငံခြားသား ကုမ္ပဏီအသစ် ၉၀ဝ ကျော်ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။