ကယားပြည်နယ်၌ စီးပွားရေးတိုးတက်နှုန်း နှေးကွေးမှုကို SMEs မြှင့်တင်ခြင်းဖြင့် အဖြေရှာမည်

...

ကယားပြည်နယ်၌ စီးပွားရေးတိုးတက်နှုန်း နှေးကွေးမှုကို SMEs မြှင့်တင်ခြင်းဖြင့် အဖြေရှာမည်

Burma News International, 14 Mar 2018

URL: https://www.bnionline.net/en/news/kayah-state-find-solution-slow-economic-growth-uplifting-smes
နည်းပညာပိုင်း ဖွံ့ဖြိုးမှု အားနည်းနေ၍ ခန့်မှန်းထားသည်ထက် စီးပွားရေးတိုးတက်မှု နှေးကွေးနေသော ကယားပြည်နယ်အား အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများဖြင့် တိုးတက်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။

လျှပ်စစ်မီးနှင့် လမ်းပမ်းဆက်သွယ်ရေးများ တဖြည်းဖြည်း ကောင်းမွန်လာပြီဖြစ်သော်လည်း အခြားစီးပွားရေး ကဏ္ဍ များ တိုးတက်မှု နှေးကွေးနေမှုအပေါ် အာရုံစိုက်မည်ဟု ဝန်ကြီးချုပ်က
ပြောကြားသည်။

၎င်းက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲကို မတ်လ ၁၂ နှင့် ၁၃
ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပပြုခဲ့သည်။

ကယားပြည်နယ်သည် လူဦးရေနည်းပါးပြီး လျှှပ်စစ်ဓာတ်အား လုံလောက်စွာရရှိကာ ခရီးသွားလုပ်ငန်း တိုးတက်ရေး အတွက် လည်း အလားအလာကောင်းသော ဒေသတစ်ခုဖြစ်သည်။ ၆၅
ရာခိုင်နှုန်းသော လုပ်ငန်းများသည် လယ်ယာလုပ်ငန်းများဖြစ်ပြီး စပါးနှင့် ပြောင်းသည် ဒေသ၏ အဓိကထွက်ကုန်များဖြစ်သည်။

ထို့သို့အချက်များအပေါ် အခြေခံ၍ ဒေသ၏ အားသာချက်နှင့် အခွင့်အလမ်းများကို ဝိုင်းဝန်းဆွေးနွေးပြီး ပိုမိုကောင်းမွန်သော မဟာဗျူဟာများ ပေါ်ထွက်လာကာ ထိုမဟာဗျူဟာများကိုလည်း
ဆက်လက်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းထားသည်ဟု စက်မှုဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

“ကျမတို့လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ SMEs (Small and Medium Enterprises) တွေ ဖွွံ့ဖြိုးတိုးတက်ရေးကို တစ်နိုင်ငံလုံးမှာရှိ တဲ့ အစိုးရအဖွဲ့အစည်းတွေ ပြည်နယ်အစိုးရတွေ တိုင်းပြည်ရဲ့အ
စိုးရတွေ ဒါတွေရဲ့ အားကောင်းတဲ့ ပံ့ပိုးမှုတွေရှိမှ SMEs ရဲ့ လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိမှာဖြစ်ပါတယ်။ အခုချိန်မှာတော့ နိုင်ငံတော်ကနေ အသိအမှတ်ပြုပြီးတော့ sme တွေပ့့ံပိုးပေးမယ့်
အစီအစဉ်ကို အရမ်းကို အာရုံစိုက်ပြီးဆောင်ရွက်နေပါတယ်” ဟု၄င်းက ပြောပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကယားပြည်နယ်အစိုးရ အဖွဲ့အစည်းများ၊ ပြည်နယ် CSOs များ၊ ပြည်နယ် စီးပွားရေးလုပ်ငန်းရှင် များ တက်ရောက်ခဲ့ကြသည်။