မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း

...

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း

Mizzima, 20 Mar 2018

URL: http://www.mizzima.com/business-domestic/myanmar-ethnic-entrepreneurs-association-formed
တိုင်းရင်းသား လုပ်ငန်းရှင်များအား ၎င်းတို့၏ ဒေသများတွင် ဖွံ့ဖြိုးရေး ရေရှည် တည်တံ့စေရန်နှင့် ၎င်းတို့အား တိုက်တွန်းအားပေးရန်အတွက် မြန်မာနိုင်ငံ တိုင်းရင်းသား
လုပ်ငန်းရှင်များအသင်း(MEEA) တည်ထောင်ခြင်းကို ယမန်နေ့ စနေနေ့၌ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ရန်ကုန်ရုံးတွင် ကျင်းပပြု
လုပ်ခဲ့ကြောင်း ပြည်တွင်းသတင်းစာတွင် ဖော်ပြထားသည်။

MEEA ကို တိုင်းရင်းသားလုပ်ငန်းရှင်(၂၇)ဦးဖြင့် ပါဝင်ဖွဲ့စည်းထားပြီး မြန်မာ၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်း၊ ရခိုင်နှင့် မွန်စသည့်ဖြင့် တိုင်းရင်းသားများပါဝင်ကြသည်။

“အဓိကဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ မဖွံ့ဖြိုးသေးတဲ့ နေရာဒေသတွေမှာ သူတို့အကြား အပြန်အလှန် ဖွံ့ဖြိုးမှုတွေရှိလာစေဖို့နဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို အား
ပေးဖို့ပဲဖြစ်ပါတယ်။ MEEA က သူတို့အတွင်း ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ ကြိုးစားပါလိမ့်မယ် ” ဟု MEEA တွင် အထွေထွေအတွင်းရေးမှူးအဖြစ်
ရွေးချယ်ခံရသူ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ ဦးမင်းဗညားစန်က ပြောသည်။