ပြည်သူလူထုအား ကဏ္ဍသုံးရပ်ဖြင့် အကျိုးပြုနေသည့် မမြရေလှောင်တမံ

...

ပြည်သူလူထုအား ကဏ္ဍသုံးရပ်ဖြင့် အကျိုးပြုနေသည့် မမြရေလှောင်တမံ

Global New Light of Myanmar, 26 Mar 2018

URL: https://issuu.com/myanmarnewspaper/docs/26_mar_18_gnlm
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် တည်ဆောက်ထားသည့် မမြရေလှောင်တမံစီမံကိန်းမှ ဒေသခံပြည်သူများ ဆည်ရေရှိရေးသာမက အသေးစား ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ပြီး
အနီးအနားရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိရေးကိုပါ ဆောင်ရွက်လျှက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှ သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှ ဦးစီးအရာရှိ(မြို့ပြ) ဦးခင်မောင်သန်းက “အရင်တုန်းက တောင်သူတွေ စပါးစိုက်ဖို့ မိုးရေကိုပဲ အားထားခဲ့ကြရပါတယ်၊
ဆည်ရေရှိတဲ့အချိန်ကစပြီး နွေစပါးစိုက်ဖို့အပြင် မိုးစပါးအတွက်လည်း တောင်သူတွေကို ဆည်ရေပေးဝေခဲ့ပါတယ်၊ မမြရေလှောင်တမံက ပြည်သူလူထုကို ကဏ္ဍသုံးရပ်နဲ့ အကျိုးပြုနေပါတယ်၊ မိုးရာ
သီဆိုလည်း ရေကြီးတာကို ကာကွယ်ပေးတယ်၊ နွေရာသီဆိုရင်လည်း စပါးစိုက်နိုင်ဖို့ ဆည်ရေကို ပြည့်မီစွာ ပေးနိုင်တယ်၊ ဒါ့အပြင် တမံအနီးက ကျေးရွာတွေကိုလည်း လျှပ်စစ်မီးပေးနိုင်ခဲ့တယ်” ဟု
ပြောသည်။

မမြရေလှောင်တမံအား ၂၀၀၁-၂၀၀၂ ခုနှစ်တွင် မမြချောင်းပေါ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စီမံကိန်းပြီးစီးခဲ့ကြောင်း ဆည်ရေပေးဝေနိုင်သည့် ဧရိယာ ၈၃၆၉ ဧက ရှိပြီး မြန်အောင်
မြို့နယ်တွင် ဧရိယာ ၄၃၆၉ ဧကနှင့် အင်္ဂပူမြို့နယ်တွင် ဧရိယာ ဧက ၄၀၀၀ အား ရေပေးဝေနိုင်ရန် ဆောင်ရွက်ထားကြောင်း ၂၀၀၅-၂၀၀၆ ခနှစ်မှ စတင်ပြီး နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် စတင်ပြီး
ဆင်ရေး ပေးနိုင်ခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှ သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှ အင်ဂျင်နီယာဖြစ်သူ ဦးဇေယျာသိန်းက ၂၅၀ ကီလိုဝပ်စက်နှစ်လုံးနဲ့ ကန်ရေနဲ့ တစ်နှစ်ပတ်လုံးလည်ပတ်ပြီး တမံအနီးအ
နားမှာရှိတဲ့ ကျေးရွာတွေက အိမ်ခြေ တစ်ထောင်လောက်ကို လျှပ်စစ်မီးပေးနိုင်အောင် ရည်ရွယ်ထားပါတယ်၊ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ရွာကြီးကိုတော့ လျှပ်စစ်မီးစပေးနေပါတယ်။

ယခုနှစ်မှစ၍ အိမ်ခြေ ၃၂၀၊ လူဦးရေ တစ်ထောင်ကျော်ရှိ မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအား လျှပ်စစ်မီးပေးနိုင်ခဲ့ပြီး ဝင်္ကဘာ၊ ညောင်ခုံ၊ ကန်ဘဲ့ကျေးရွာများကိုလည်း လျှပ်စစ်မီး ဆက်လက်
ပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။