ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) မေလတွင် ဖွင့်လှစ်တော့မည်

...

ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) မေလတွင် ဖွင့်လှစ်တော့မည်

Myanmar Times, 28 Mar 2018

URL: https://www.mmtimes.com/news/thailand-myanmar-open-friendship-bridge-2-may.html
မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ ကုန်စည်များ အပြန်အလှန် ပိုမိုကူးသန်းရောင်းဝယ်နိုင်မည့် မြဝတီမြို့ရှိ သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံမှ တည်ဆောက်ပေးနေသော ထိုင်း - မြန်မာ
ချစ်ကြည်ရေးတံတား
အမှတ်(၂)ကို မေလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

တံတားဆောက်လုပ်ခြင်းနှင့်အတူ နယ်စပ်ထိန်းချုပ်ရေး အဆောက်အအုံကို ထိုင်းနိုင်ငံဘက်ခြမ်းနှင့် မြန်မာနိုင်ငံဘက်ခြမ်းတို့တွင် တည်ဆောက်လျက်ရှိသည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် နယ်စပ်ဖြတ်သန်းသယ်ယူပို့ဆောင်ရေး သဘောတူညီချက်အရလည်း နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြားတွင် ပြည်သူများ ခရီးသွားလာ
မှု၊ ကုန်စည်ပို့ဆောင်မှုနှင့် ကားများဖြတ်သန်းသွားလာမှုများကို နယ်စပ်ဖြတ်ကျော်ပြီး ကူးသန်းရောင်းဝယ်သွားလာနိုင်ရန် ဦးတည် ဆောက်ရွက်နေခြင်းဖြစ်သည်။

ထို့ကြောင့် စာချုပ်ပါ စည်းကမ်းများအရ လာမည့် ၂၀၁၉ ခုနှစ်၌ ပထမဦးဆုံးအနေဖြင့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)ပေါ်တွင် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်စေရန် နှစ်နိုင်ငံ
ရှိ တစ်နေ့လျှင် ကားအစီးရေ ငါးဆယ်စီ အပြန်အလှန် ဝင်/ ထွက်ခွင့်ပြုရန် မတ်လ ၁၆ရက်နေ့က ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်သော မဲခေါင်ဒေသအတွင်းနိုင်ငံများ(GMS) အစည်း
အဝေးတွင် မူအရ သဘောတူထားပြီးဖြစ်သည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)သည် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များနှင့် ကုန်စည်များကို မြန်မာ နိုင်ငံအတွင်းသို့ ပထမအဆင့်နေဖြင့် မြဝတီအထိ ဝင်ရောက် သွားလာ
ခွင့်ပေးမည်ဖြစ်ပြီး ဘားအံ၊ ရန်ကုန်နှင့် ပုသိမ်မြို့များအထိ ဆက်လက်သွားလာခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုင်းနိုင်ငံမှတဆင့် မဟာမဲခေါင်ဒေသတွင်း(GMS) နိုင်ငံ
များသို့ လွတ်လပ်စွာသွားလာနိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။