သမိုင်းဝင် နမ့်ကုံးကန်အပါအဝင် မြေဧက ၃၀ ကျော်အား အစိုးရက လူထုထံ ပြန်လည်ပေးအပ်

...

သမိုင်းဝင် နမ့်ကုံးကန်အပါအဝင် မြေဧက ၃၀ ကျော်အား အစိုးရက လူထုထံ ပြန်လည်ပေးအပ်

Mizzima, 16 Mar 2018

URL: http://www.mizzima.com/news-domestic/confiscated-land-returned-farmers
ရှမ်း(သျှမ်း)ပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း နှစ်ပေါင်း ၂၀ ကျော် တပ်မှသိမ်းယူထားသော နမ့်ကုံးကန်မြေဧက ၃၀ ကျော်အား ကျေးသီးဒေသခံလူထုထံ ပြန်လည်ပေးအပ်ဖြစ်
ကြောင်း သိရသည်။

မတ်လ ၁၃ ရက်က နေပြည်တော်တွင်ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်
စိုင်းအောင်ကျော်က ကျေးသီးမြို့နယ်၊ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင်သွားသော နမ့်နောင်ကုံးရေကန် ရေဝေရေလဲဧရိယာ ၃၁ ဧကနှင့် တောင်
သူများ၏ စိုက်ခင်း ၁၆၅ ဧကအား ပြည်သူ ပိုင်အဖြစ် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မြင့်နိုင်က- ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ စာအရ လွှတ်တော်အမတ် ဦးစိုင်းအောင် ကျော်၏ အဆိုပါ “ ကျေးသီးတောင်သူများ၏ စိုက်ခင်းသည် ၁၆၅ ဧက
ဟု ပြောဆိုထားသော်လည်း တပ်မြေသိမ်း ယူစဉ်က ရွှေ့ပြောင်းတောင်ယာမြေ ၁၅ ဧက သုသာန်မြေ ၃.၅ ဧကမြေလွှတ်မြေလပ် ၅၆၀.၅ ဧကဖြစ်ကြောင်း တောင်ယာမြေ ၁၅ ဧကမှာ ယာယီ
တောင်ယာစနစ်ဖြင့် စိုက်ပျိုးခဲ့ခြင်းသာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထားမရှိ ကြောင်းနှင့်သုသာန်မြေ ၃.၅ ဧကမှာလည်းမြေနေရာသစ်သို့ ပြောင်းထားပြီးဖြစ်သဖြင့် တပ်ပိုင်မြေအဖြစ် သိမ်း
ရခြင်းဖြစ်ကြောင်း” ပါရှိပါတယ်။

တဖက်တွင်လည်း ထိုမြေများသည် တပ်ပိုင်မြေအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ မြေပေးမိန့် ရရှိခဲ့ပြီးဖြစ်ခြင်း၊ ခလရ ၁၃၁ တပ်ရင်းအဆောက်အဦးနှင့် နီးကပ်စွာ ရှိနေခြင်းတို့ကြောင့် လုံခြုံ
ရေးအရ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း၊ သဘာဝ နမ့်ကုံးရေကန်နှင့် ရေဝေရေလဲဧရိယာ ၃၁ ဧကအား မြို့နယ်ရှိပြည်သူလူထု ရဟန်းသံဃာနှင့်ရပ်မိရပ်ဖများ ဆန္ဒအတိုင်း အ
များပြည်သူပိုင်အဖြစ် ပြန်လည်စွန့်လွှတ်ပေး မည်ဖြစ်ပါကြောင်း – ဖြေကြားသွားခဲ့သည်။