ပဋိပက္ခလျော့ချရေး NMSP ၊ KNU တပ်ဖွဲ့ခေါင်းဆောင်များ ပူးတွဲရှင်းလင်းပွဲ ပြုလုပ်မည်ဟုဆို

...

ပဋိပက္ခလျော့ချရေး NMSP ၊ KNU တပ်ဖွဲ့ခေါင်းဆောင်များ ပူးတွဲရှင်းလင်းပွဲ ပြုလုပ်မည်ဟုဆို

Myanmar Times, 14 Mar 2018

URL: https://www.mmtimes.com/news/knu-and-nmsp-agree-temporary-ceasefire.html
မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အောက်ခြေတပ်ဖွဲ့များကြား ပဋိပက္ခလျော့ချရေးအတွက် မကြာမီတွင် နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်များ သက်ဆိုင်
ရာဒေသများသို့ သွားရောက်၍ ပူးတွဲရှင်းလင်းပွဲများပြုလုပ်သွားမည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းက မွန်သတင်း အေဂျင်စီသို့ ပြောသည်။

နိုင်ဉာဏ်ထွန်းက “ဒီကနေ့ဆွေးနွေးပွဲမှာ နှစ်ဖက်ပဋိပက္ခအဆုံးသတ်ဖို့ နည်းလမ်းရှာကြတယ်၊ မကြာမီမှာ နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်တွေ အတူတကွပူးတွဲပြီးတော့ သက်ဆိုင်ရာဒေ
သတွေဆီသွားပြီး ရှင်းလင်းပွဲ အတူတကွပြု လုပ်သွားဖို့ အစီအစဉ်ရှိတယ်” ဟု ဆိုသည်။

KNU ဒူးပလာယာခရိုင် ဥက္ကဌ ဗဒိုစောရွှေမောင်း ဦးစီးသည့်ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်း ဦးစီးသည့်ကိုယ်စားလှယ်အဖွဲ့တို့ ဘုရားသုံး
ဆူမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး၌ ယနေ့(မတ်လ ၁၃ ရက်) မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“နှစ်ဖက်ကိုယ်စားလှယ်တွေအနေနဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်တာ မရှိခဲ့ပါဘူး၊ မွန်ပြည်သစ်ပါတီရဲ့ တင်ပြချက် တွေကို KNU ဗဟိုသို့ ဆက်လက်တင်ပြဖို့အတွက် တပ်မဟာ
၆ ကနေ လာရောက်တွေ့ဆုံတာပါ ၊ KNU နဲ့ NMSP ဗဟိုအဆင့် ဆက်လက်တွေ့ဆုံနိုင်ရင် ပိုပြီးကောင်းလိမ့်မယ်လို့ တပ်မဟာ ၆ ဘက်က ပြောလာတယ် ” ဟု နိုင်ဉာဏ်ထွန်းက ဆို
သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီမှ သိမ်းဆည်းရမိသော M-79 တစ်လက်၊ AK-47 တစ်လက်နှင့် သစ်ထမ်းသမားတစ်ဦးကို KNU တပ်မဟာ (၆) သို့ လွှဲအပ်ခဲ့သည်ကို တွေ့ရှိရ
သည်။