မွန်လူထု အကြိုတွေ့ဆုံပွဲအား တပ်မတော်ဘက်က ကန့်သတ်

...

မွန်လူထု အကြိုတွေ့ဆုံပွဲအား တပ်မတော်ဘက်က ကန့်သတ်

The Irrawaddy, 20 Mar 2018

URL: https://www.irrawaddy.com/news/burma/mon-party-still-struggling-hold-public-meetings-even-ceasefire-deal.html
မွန်လူထုအကြို တွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီ (NMSP) က ကျင်းပရန် ပြင်ဆင်နေသော်လည်း တပ်မတော်ဘက်က ကန့်သတ်မှုများ ပြုလုပ်ခဲ့သဖြင့် ယနေ့အထိ ကျင်းပခွင့်
မရနိုင်သေးကြောင်း NMSP ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဝင်းလှက ဧရာဝတီသို့ ပြောသည်။

NMSP သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ အမျိုး သားအဆင့် နိုင်
ငံရေး ဆွေးနွေးပွဲ (မွန်လူမျိုးအလိုက်) ကို ကျင်းပခွင့် ရရှိထားပြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ၎င်းတို့ တပ်နေရာများရှိသော နေရာ ၅ နေရာတွင် လူထုအကြို တွေ့ဆုံပွဲ
ကျင်းပရန် လုပ်ဆောင်ရာ၌ တပ်မတော်ဘက်က ကန့်သတ်မှုများ ပြုလုပ်လာခြင်း ကြောင့် ယနေ့အထိ ကျင်းပနိုင်ခြင်း မရှိပဲဖြစ်နေသည်။

သို့သော် ငြိမ်းချမ်းရေးကော်မရှင် (PC ) အတွင်းရေးမှူး ဦးခင်ဇော်ဦးကမူ မွန်လူထုအကြို တွေ့ဆုံပွဲအပေါ် တပ်မတော်၏ ကန့်သတ်မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင်
က စေ့စပ်ညှိနှိုင်းပေးနေရာ ယခုဆိုလျှင် အဆင်ပြေသွားပြီဖြစ် ကြောင်း မတ်လ ၁၂ရက်နေ့ MNTV ၏ သတင်းထုတ် လွှင့်မှုတွင် ပြောဆိုသွားသည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် မွန်လူထုအကြို တွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်တို့ အပါအဝင် မွန်ပြည်နယ်၊
ရေးမြို့နယ်အတွင်း ၂ နေရာ စုစုပေါင်း ၅ နေရာတွင် ကျင်းပသွားရန် စီစဉ်ထားသည်။

သို့သော်လည်း တပ်မတော်ဘက်က ကရင်ပြည်နယ်အတွင်း ကျင်းပမည့် နေရာ ၃ နေရာတွင် အင်အား ၃၀ ထက် မပိုရန် ကန့်သတ်မှုများ ပြုလုပ်လာခြင်းကြောင့် မတ်လက ကျင်း
ပရန် စီစဉ်ထားသော လူထုအကြို တွေ့ဆုံပွဲများကို ဖျက်သိမ်းခဲ့ရသည်ဟု NMSP ဘက်က ဆိုသည်။

ထို့ကြောင့် ဧပြီ ၆ ရက်မှ ၉ ရက်အထိ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (မွန်လူမျိုးအလိုက်) ကျင်းပသွားရန် မွန်ပြည်သစ်ပါတီ (NMSP) မှ
စီစဉ်ထားမှုမှာ မသေမချာဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။