အမေရိကန်သံရုံးမှ ပေးအပ်သည့် Women of Change Award ကို ကရင်အမျိုးသမီးအစည်းအရုံး လက်ခံရယူခဲ့

...

အမေရိကန်သံရုံးမှ ပေးအပ်သည့် Women of Change Award ကို ကရင်အမျိုးသမီးအစည်းအရုံး လက်ခံရယူခဲ့

Karen News, 24 Mar 2018

URL: http://karennews.org/2018/03/karen-womens-organization-receives-women-of-change-awards-from-u-s-embassy/
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၁၈ အတွက် ပေးအပ်ချီးမြှင့်သည့် Women of Change Award ကို ကရင်အမျိုးသမီး အစည်းအရုံး (KWO) ကလည်း ရရှိခဲ့ပြီး မတ်လ ၂၂ရက် ညနေတွင်
ရန်ကုန်မြို့ ၊ ပြည်လမ်းရှိ အမေရိကန်သံ အမတ်နေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည့် ဆုပေးပွဲ အခမ်းအနား၌ ဆုလက်ခံရယူခဲ့သည်။

Women of Change ဆုကို KWO ဗဟိုအမြဲတမ်းကော်မ တီဝင်များဖြစ်ကြသည့် နော်ဝါးခုရှီးနှင့် နော်ဆဲဆဲတို့က ၎င်းတို့၏ အစည်းအရုံး ကိုယ်စားတက်ရောက်ရယူခဲ့ကြပြီး ယခုနှစ် ဆုရှင်များနှင့် ယ
မန်နှစ် ဆုရှင်များ အပါအဝင် ဧည့်ပရိသတ် ပေါင်း ၅ဝကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ယခုနှစ်အတွက် အဆိုပါဆုကို ပေးအပ်ရာတွင် ကရင်အမျိုး သမီးအစည်းအရုံးနှင့်အတူ ကျန်းမာရေးဆိုင်ရာ စစ်တမ်းကို ထိရောက်စွာ လုပ်ဆောင်ခဲ့သူ ကျန်းမာရေးနှင့် အားကစား ရေး ဝန်ကြီးဌာန
မှ အထွေထွေကျန်းမာရေး ပြန်ကြားရေး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်သက်မူ ၊ Myanmar Federation for Persons with Disabilities (MFPD)၏ အမှုဆောင်ကော်မတီဝင် ဒေါ်အေးသဥ္ဖာ
မောင် တို့ကိုလည်း ရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

၂၀၁ရခုနှစ်က Women of Change Award ကို မြန်မာနိုင်ငံရှိ အမျိုးသမီး (၆)ဦးကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့မာရှယ်က ဆုပေးအပ်ပွဲ အ
ခမ်းအနားတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

၎င်းအပြင် နိုင်ငံအတွင်းရှိ မတူကွဲပြားသော နယ်မြေဒေသများမှ အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက် များအပေါ် အသိအမှတ်ပြုကာ အားပေးလိုသည့် ရည်ရွယ်ချက်ဖြင့်
ဆုပေးပွဲကို လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ ထို့အတွက် ကျန်းမာရေးလုပ်ငန်းဆိုင်ရာ၊ မသန်စွမ်းသူများ၏အခွင့်အရေးနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွင်း အမျိုးသမီးများ၏အသံ ပိုမိုပေါ်ထွက်လာစေရန်
လုပ်ဆောင်ခဲ့သူများကို ဂုဏ်ပြုရခြင်းဖြစ်သည်ဟု သံအမတ်က ကေအိုင်စီသို့ ပြောဆိုသည်။

အဖွဲ့ဝင်စုစုပေါင်း ၆သောင်းကျော်ရှိသည့် ကရင်အမျိုးသမီးအစည်းအရုံးသည် ကျား/မ တန်းတူရေး၊ ဌာနေတိုင်း ရင်းသားများ အခွင့်အရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်ရေးများ
အတွက် ပံ့ပိုးဆောင်ရွက် နေသည့် အဖွဲ့အစည်းဖြစ်ပြီး ကရင်အမျိုးသမီးအစည်းအရုံးအနေဖြင့် ၂၀၁ရခုနှစ် ၊ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ သဘောထားကြေညာချက်
တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းအပြင် မျိုးဆက်သစ်ကရင်အမျိုးသမီးများ ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်လှစ်ထားခြင်း၊ ကေအဲန်ယူ၏ အိမ်တွင်းအကြမ်း ဖက်မှု ဥပဒေဆိုင်ရာ ပြန်လည်ဆန်းစစ်ခြင်းနှင့် KNU-ကရင်အမျိုးသားအ
စည်းအရုံးတွင် ဆုံးဖြတ်ချက် ချနိုင်သည့်အပိုင်း၌ အမျိုးသမီးများ၏အခန်းကဏ္ဍ တိုးမြှင့်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်လျှက် ရှိသည်။