ဆယ်နှစ်အတွင်း ကျောင်းသားများ ကျောင်းထွက်နှုန်း လျော့ကျစေခဲ့သည့် အစီအစဉ်

...

ဆယ်နှစ်အတွင်း ကျောင်းသားများ ကျောင်းထွက်နှုန်း လျော့ကျစေခဲ့သည့် အစီအစဉ်

Myanmar Times, 03 Apr 2018

URL: https://www.mmtimes.com/news/programme-lower-dropout-rate-attracts-75000-students-10-years.html
လွန်ခဲ့သော ဆယ်နှစ်ကျော်ကပင် ကျောင်းသားပေါင်း( ၇၅၀၀၀)သည် မူလတန်းအလွတ်ပညာသင်(NFPE) အစီအစဉ်တွင် တက်ရောက်ခဲ့ကြကြောင်း မြန်မာ့စာပေအရင်းအမြစ်စင်တာ (MLRC) ၏ ဖော်ပြချက်အရ သိရှိရသည်။

အလွတ်ပညာသင်ပေးရေးအစီအစဉ်သည် ကျောင်းပညာသင်ကြားရန် အခွင့်အရေးမရသည့် ကျောင်းပြင်ပကလေးများအတွက်ပညာသင်ကြားရန် အခွင့်အလမ်း ပံ့ပိုးပေးခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ MLRC ၊ UNICEF ၊ UNESCO နှင့် အခြားသောအဖွဲ့အစည်းများ၊ အလှူရှင်များသည် အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို အလွတ်ပညာသင်ကြားရေး အစီအစဉ်ကို ၂၀၁၈-၁၉ ပညာသင်နှစ်တွင် စတင်ခဲ့သည်။

အစီအစဉ်သည် ပညာသင်ကြားခွင့်မရသည့် အသက်(၁၀)နှစ်မှ (၁၄)နှစ်အတွင်းရှိ ကလေးများကို ဦးတည်ထားသည်။ ထို အစီအစဉ်တွင် တက်ရောက်ခြင်းဖြင့် ကလေးများသည် မူလတန်းပြီးမြောက်
ရန်အတွက် ကျောင်းသို့ ပြန်လည်တက်ရောက်နိုင်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အစီအစဉ်သည် ပြီးဆုံးရန်(၂)နှစ်တာ ကြာမည်ဖြစ်သည်။

ကျောင်းထွက်ရခြင်း၏ အကြောင်းအရင်းမှာ တချို့သောကလေးများသည် ၎င်းတို့၏မိသားစုဝင်ငွေကို ကူရှာပေးရန်အတွက် စက်ရုံအလုပ်ရုံများတွင်သော်လည်းကောင်း အခြားသောအလုပ်များတွင်သော်လည်းကောင်း ဝင်ရောက်လုပ်ကိုင်နေကြ၍ဖြစ်သည်။

၂၀၁၇-၁၈ ပညာသင်နှစ်၌ NFPE အစီအစဉ်သည် နိုင်ငံတဝှမ်းရှိ မြို့နယ် ၉၃ မြို့နယ်တွင် ပို့ချပေးခဲ့ပြီး ၎င်းတို့ထဲမှ ကျောင်းသား ၇၀ နီးပါးသည် အတန်းတင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ခဲ့
ကြသည်။