ပင်လယ်ငါးလုပ်ငန်းဥပဒေ ပေါ်ထွက်လာပါက ရွှေ့ပြောင်းရေလုပ်သားများ အခွင့်အရေးကို ဥပဒေနှင့် အညီဆောင်ရွက်နိုင်မည်ဟုဆို

...

ပင်လယ်ငါးလုပ်ငန်းဥပဒေ ပေါ်ထွက်လာပါက ရွှေ့ပြောင်းရေလုပ်သားများ အခွင့်အရေးကို ဥပဒေနှင့် အညီဆောင်ရွက်နိုင်မည်ဟုဆို

Myanmar Times, 09 Apr 2018

URL: https://www.mmtimes.com/news/ministry-mulls-more-protection-local-foreign-fishery-workers.html
ငါးလုပ်ငန်းဦးစီးဌာနက ရေးဆွဲလျက်ရှိသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေ ပေါ်ထွက်လာပါက ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းရေလုပ်သားများ၏ အခွင့်အရေးကို ဥပဒေနှင့် ဆောင်ရွက်ပေးနိုင်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေက ပြောကြားလိုက်သည်။

ဧပြီလ ၃ရက်နေ့က ပြုလုပ်သည့် ‘ ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့ နေရသည့် ဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးဆိုင်ရာ အ
လုပ်ရုံဆွေးနွေးပွဲ’၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ပင်လယ်ငါးဖမ်းဥပဒေတွင် ရေလုပ်သားများနှင့် ပတ်သတ်သော ပြဌာန်းချက်များပါရှိသည်ဟု ၄င်းက ဆိုသည်။

“ပင်လယ်ငါးလုပ်ငန်းဥပဒေကို ငါးလုပ်ငန်းဦးစီးဌာနက ရေးဆွဲနေတယ်၊ ရေးဆွဲပြီးရင် ဒီဥပဒေမှာ ရေလုပ်သားနဲ့ ပတ်သက်တဲ့ကိစ္စတွေ ပါလာမှာ ဖြစ်တယ်၊ အဲ့ဒီတော့ ပိုမိုပြီး တော့ လိုအပ်တဲ့
စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ၊ အကာ အကွယ်ပေးမှုတွေ ရရှိလာမှာ ဖြစ်ပါတယ် ” ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။ လက်ရှိတွင် လုပ်ခလ စာကောင်းမွန်သော်လည်း ကာကွယ်စောင့်
ရှောက်မှု အပြည့်အဝမပေး နိုင်သည့် ပြည်ပနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းသို့ အလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံငါး လုပ်ငန်း
အဖွဲ့ချုပ်တို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ ကြောင်း ၄င်းက ဆိုသည်။

ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် အလုပ် သမားများအနေဖြင့် ဘေးအန္တရာယ်များပြားသည့် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေကြသည့်အပြင် အလုပ်ရှင်များ၏ မတရားခိုင်း
စေမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ အချိန်ကြာမြင့်စွာ အလုပ် လုပ်ကိုင်ရမှု၊ လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ လုပ်ခလစာမရရှိမှုနှင့် လူကုန်ကူးခံရမှု စသည့်ဖြစ်စဉ်များကို ကြုံတွေ့နေကြရသည်။ ပင်လယ်
ငါးလုပ်ငန်းဥပဒေကို ငါးလုပ်ငန်းဦးစီးဌာနက ရေးဆွဲ နေဆဲဖြစ်ပြီး လွှတ်တော်သို့ ပေးပို့ထားခြင်းမရှိသေးပေ။ သို့သော်လည်း လာမည့် အဋ္ဌမအကြိမ်ကျင်းပမည့် လွှတ်တော်ပုံမှန် အစည်းအ
ဝေးတွင်မူ အမျိုးသားလွှတ်တော်သို့ ရောက်ရှိလာနိုင်ဖွယ်ရှိသည်ဟု အမျိုးသားလွှတ်တော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ အတွင်းရေးမှူးဒေါက်တာ
ဝင်းမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။ “ ဒီဥပဒေက လွှတ် တော်ကိုတော့ မရောက်သေးဘူး၊ လာမယ့် အဋ္ဌမအကြိမ်အစည်းအဝေးဆိုရင်တော့ ရောက်မယ်လို့ ထင်တယ် ” ဟု ၄င်းက
ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ရေလုပ်သားများအား ထိုင်းနိုင်ငံသို့ အစိုးရချင်းတိုက် ရိုက်ချိတ်ဆက်သည့် စနစ်(G to G)ဖြင့် စေလွှတ်ရန် နှစ်နိုင်ငံ
မူအရ သဘောတူ ထားပြီး တရားဝင်စေလွှတ်ရေး အတွက် နှစ်ဘက် Working Group ကိုဖွဲ့စည်းထားပြီးဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နေသော မြန်မာရေလုပ်သားဦးရေ ၄၁၁၂၅ဦးရှိပြီး ရေလုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် လုပ်ကိုင်သူဦးရေ ၄၅၄ဝဝဦးနှင့် ရေထွက်ပစ္စည်းများ ထုတ်
လုပ်သည့် စက်ရုံများတွင်မူ ၅၈၇၄၁ဦး ရှိသည်။