ရန်ကုန်တက္ကသိုလ်တွင် ရေထွက်ကုန်ဒီဂရီ ပရိုဂရမ်တစ်ခုကို စမ်းသပ်စီမံကိန်းအဖြစ် စတင်မည်

...

ရန်ကုန်တက္ကသိုလ်တွင် ရေထွက်ကုန်ဒီဂရီ ပရိုဂရမ်တစ်ခုကို စမ်းသပ်စီမံကိန်းအဖြစ် စတင်မည်

Myanmar Times, 11 Apr 2018

URL: https://www.mmtimes.com/news/fishery-degree-programme-set-pilot-project-yangon-university.html
ရေထွက်လုပ်ငန်းဆိုင်ရာဘွဲ့တစ်ခုကို လာမည့်စာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ပို့ချတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးက Myanmar Times သို့ပြောခဲ့သည်။

“နောင်လာမယ့် စာသင်နှစ်မှာ ငါးလုပ်ငန်းနဲ့ဆက်စပ်တဲ့ ဘွဲ့တစ်ခုကို ကျွန်တော်တို့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လွှတ်တော်က အဆင့်မြင့်ပညာရေးမှာ အတန်းတွေအတွက် အဆိုပြုချက်ကို အသိအမှတ်ပြုခဲ့ပါတယ်။

ဒီဘွဲ့ကြိုပရိုဂရမ်ကို ရန်ကုန်တက္ကသိုလ်မှာ စတင်ဖွင့်လှစ်ပါမယ်” ဟု အရာရှိက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပြုလွှာကို လွှတ်တော်မှ သြဂုတ်လတွင် အတည်ပြုခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တက္ကသိုလ်ကို ဖွင့်လှစ်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။

အမျိုးသားလွှတ်တော်မှ အဆိုပါတက္ကသိုလ်ကိုဖွင့်လှစ်ရန် အတည်ပြုပေးခဲ့သော်လည်း စီမံကိန်းကို အကောင်အထည်မဖော်နိုင်သောကြောင့် ရန်ကုန်တက္ကသိုလ်တွင် စမ်းသပ်စီမံကိန်းအဖြစ် လုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်မှ အတည်ပြုပြီးနောက် ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာ့ငါးဖမ်းလုပ်ငန်းအဖွဲ့မှ သင်ရိုးညွှန်းတမ်းရေးဆွဲခဲ့ပြီး ဝန်ကြီးဌာနများသည် အပြီးသတ်ရေးဆွဲရန်အတွက် မတ်လကုန်ပိုင်းတွင် တွေ့ဆုံသွားမည်ဖြစ်သည်။

ရေလုပ်ငန်းဆိုင်ရာဘွဲ့ (B.Sc Fishery) ကို လေးနှစ်တက်ရောက်နိုင်ရန် မျှော်မှန်းထားသော်လည်း အတည်မပြုရသေးကြောင်း ဝန်ကြီးဌာန ကပြောကြားခဲ့သည်။