ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရန် နေရာသစ်များ မြန်မာမှ ဖန်တီးမည်

...

ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရန် နေရာသစ်များ မြန်မာမှ ဖန်တီးမည်

Mizzima, 14 Apr 2018

URL: http://www.mizzima.com/business-domestic/myanmar-creating-new-destinations-attract-tourists
မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း လုပ်ဆောင်ချက်သစ်များနှင့် ကမ္ဘာလှည့်ခရီးသွားများအားဆွဲဆောင်နိုင်သည့်နေရာသစ်များကို တိုးတက်အောင်လုပ်ဆောင်ခြင်းဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် ကြိုးစားအားထုတ်လျှက်ရှိသည်။

ဝန်ကြီးဌာနသည် ဟိုတယ်အလုံးပေါင်း (၁၆၂၈)လုံး နှင့် တည်းခိုခန်း (၆၅၄၇၀)ခန်းကို ခွင့်ပြုပေးခဲ့သည်။

ဝန်ကြီးဌာနသည် သမိုင်းဝင်နေရာများ၊ မြစ်များ၊ ရေကန်များ၊ ကမ်းခြေများ၊ ကျွန်းစွယ်များနှင့်သစ်တောများအပါအဝင် သံယံဇာတပေါကြွယ်ဝသည့်နေရာများ၌ စီးပွား-ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာခရီး သွားလုပ် ငန်းနှင့်ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများကို မြှင့်တင်ပေးရန်အတွက် ကြိုးစားအားထုတ်လျှက်ရှိသည်။

မန္တလေး၊ ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ ကရင်နှင့် မွန်ပြည်နယ်၊ မြိတ်ကျွန်းစု၊ ချင်းတောင်တန်းများနှင့် ချောင်းသာ၊ ငွေဆောင်ကဲ့သို့သော ကမ်းခြေများသည် ထင်ရှားသော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာများဖြစ်သည်။

လက်ရှိတွင် ဝန်ကြီးဌာနသည် ကရင်ပြည်နယ်ရှိ သံတောင်ကြီး၊ ရှမ်းပြည်နယ်ရှိ ပအို့ရပ်ရွာအခြေစိုက်ပါဝင်သည့် ခရီးသွားလုပ်ငန်း၊ ကယားယဉ်ကျေးမှုအ သိုက်အ ဝန်းခရီးစဉ်၊ ဧရာဝတီမြစ်တလျှောက်ရှိ လင်းပိုင်နှင့်အတူ လူထု အခြေပြုခရီးသွားလုပ်ငန်း၊ ဖိုးကျားဆင်စခန်း၊ ပုပ္ပါးတောင်၊ အင်းတော်ကြီးတောရိုင်းစခန်းနှင့်အခြားသောနေရာများအပါအဝင် စီးပွား-ခရီးသွားနေရာများနှင့် ရပ်ရွာအခြေပြုနေရာများကို တည်ထောင်လျှက်ရှိသည်။