မြေအောက်ရေသံယံဇာတကို ထိန်းသိမ်းပေးမည့် ဥပဒေကြမ်းရေးဆွဲပြီးစီး

...

မြေအောက်ရေသံယံဇာတကို ထိန်းသိမ်းပေးမည့် ဥပဒေကြမ်းရေးဆွဲပြီးစီး

Myanmar Times, 06 Apr 2018

URL: https://www.mmtimes.com/news/law-drafted-save-underground-water.html
မြန်မာ့ရေအောက်သံယံဇာတများကို ထိန်းသိမ်းပေးမည့်ဥပဒေကြမ်းအား ရေးဆွဲပြီးစီးခဲ့ပြီး လာမည့်အနာဂတ်တွင် ပြဌာန်းနိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်အမျိုးသားရေအောက်သံယံဇာတကော်မတီတို့၏ အကြံပေးဖြစ်သူ ဦးဘရွှေက ပြောခဲ့သည်။

"ဒီဥပဒေကို ၂၀၁၄ ခုနှစ်ကစပြီး မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကဦးဆောင်ပြီး အစိုးရဌာနတွေ၊ ကျွမ်းကျင်သူတွေနဲ့အတူ တိုးတက်လာအောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။

ဥပဒေရဲ့သတ္တမမူကြမ်းအထိ ကျွန်တော်တို့ရေးဆွဲပြီးပါပြီ။ ဒါကို အစိုးရနဲ့ လွှတ်တော်ဆီကို ကျွန်တော်တို့ ပို့ပါမယ်။"

"လွှတ်တော်က သုံးသပ်ကော်မတီက အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထုရဲ့အကြံဉာဏ်ကို ယူသွားမှာပဲဖြစ်ပါတယ် "ဟု ၎င်းကပြောခဲ့သည်။ ကျွမ်းကျင်သူများက မြေအောက်ရေဘုံဘိုင်များနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်မှုရှိပြီး အထူးသဖြင့်ရန်ကုန်လိုနေရာမျိုးတွင်ဖြစ်သည်။