မြေမြှုပ်မိုင်းအသုံးပြုမှုများကို အစိုးရမှ ဆန့်ကျင်အရေးယူပေးရန် EU တောင်းဆို

...

မြေမြှုပ်မိုင်းအသုံးပြုမှုများကို အစိုးရမှ ဆန့်ကျင်အရေးယူပေးရန် EU တောင်းဆို

Burma News International, 04 Apr 2018

URL: https://www.bnionline.net/en/news/eu-calls-myanmar-government-take-action-against-landmine-use
ယနေ့နိုင်ငံတကာမြေမြှုပ်အသိပညာပေးနေ့တွင် ဥရောပသမဂ္ဂသံအမတ်ကြီးဖြစ်သူနှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းရှိသည့်နေရာဒေသများတွင် နေထိုင်ကြသည့်အရပ်သားများကို ပိုမိုအကာအကွယ်ပေးနိုင်ရန်အတွက် မြေမြှုပ်မိုင်းအသုံးပြုမှုကို အစိုးရမှ အရေးယူပေးရန် ကြေငြာချက်တစ်စောင်ဖြင့် တောင်းဆိုလိုက်သည်။

ကြေငြာချက်တွင် မြေမြှုပ်မိုင်းသည် ကမ္ဘာပေါ်ရှိ စစ်မက်ဖြစ်ပွားနေသည့်နေရာဒေသအများအပြား၌ လူပေါင်းများစွာ၏ အသက်အန္တရယ်ကို ထိခိုက်စေခဲ့ကြောင်း - စစ်ပွဲပြီးစီးသည့်နောက်ပိုင်းတွင်လည်း ကာလကြာရှည်စွာ လူ့အသက်ကို ခြိမ်းခြောက်လျှက်ရှိကြောင်း၊ မြေမြှုပ်မိုင်းကြောင့် အဓိက ထိခိုက်သူများမှာ ကလေးသူငယ်များ၊ အရပ်သားများ၊ ကျေးလက်ဒေသရှိ လယ်သမားများဖြစ်ကြပြီး ရွေးချယ်မှု မရှိသူများဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းအတွက်၊ မိသားစုအတွက် အစာရှာရင်း မြေမြှုပ်မိုင်းရှိရာနေရာများသို့ ဝင်ရောက်မိကြခြင်းဖြစ်ကြောင်း၊ စစ်တွင်းနှင့်စစ်ကျန်မြေမြှုပ်မိုင်းများသည် ဘေးကင်းမှု၊ ကျန်းမာရေးစသည်တို့ကို ထိခိုက်စေရုံသာမက ဆင်းရဲမွဲတေမှုအဆင့်အထိ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်း (၁၄)ခုရှိ ၉ ခုတွင် မြေမြှုပ်မိုင်းနှင့် စစ်ကြွင်းကျန်မိုင်းများ ရှိနေသေးသည်။ ကချင်၊ ရှမ်းနှင့်ရခိုင်ပြည်နယ်များတွင် စစ်မက်ဖြစ်ပွားသည့်ဒေသများ၌ ၂၀၁၇ တွင် ဖော်ပြထားသည် မြေမြှုပ်မိုင်းအသုံးပြုမှုအစီရင်ခံစာသည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သည်။

ထို့ကြောင့်အစိုးရအနေဖြင့် မြေမြှုပ်မိုင်းအသုံးပြုမှုများကို အရေးပေါ် အရေးယူဆောင်ရွက်ရန်လိုအပ်ပြီး မြန်မာနိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းအသုံးပြုမှုကို တားဆီးသည့် အိုတဝါညီလာခံသို့တက်ရောက်ရန် ကျွန်ုပ်တို့မှ အစွမ်းကုန်တိုက်တွန်းလိုက်ကြောင်း၊ အရပ်သားများ ပိုမိုအကာအကွယ်ရရှိစေရန်အတွက် ကျွန်ုပ်တို့သည် အစိုးရနှင့်တိုင်းရင်းသားခေါင်းဆောင်များအား မြေမြှုပ်မိုင်းရှင်းလင်းသည့်လုပ်ဆောင်မှုတွင် ပံ့ပိုးပါဝင်ကြရန်လည်း ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့မှ နိုင်ငံတဝန်းရှိ မိုင်းပညာပေးလုပ်ဆောင်မှုများတွင် အပြည့်အဝကြိုတင်ပါဝင်ခြင်းဖြင့် ပံ့ပိုးပေးလျှက်ရှိပြီး မိုင်းရှင်းလင်းရေးဆောင်ရွက်မှုများတွင်လည်း ကူညီပေးရန် အဆင်သင့်ရှိနေပါကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။