မွန် ၂ ပါတီနှင့် သဘောတူညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်

...

မွန် ၂ ပါတီနှင့် သဘောတူညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်

Myanmar Times, 03 Jul 2018

URL: https://www.mmtimes.com/news/two-ethnic-mon-parties-merge-2020-election.html
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP ပေါင်းစည်းရေးကော်မတီက မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့ကို တွေ့ဆုံဆွေးနွေး၍ သဘောတူ ညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင် မည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

နှစ်ပါတီပေါင်းစည်းမှု အကောင်အထည်ဖော်ရေးကော်မတီနှင့် မွန် အမျိုးသားကုုိယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့ တို့ လာမည့် ဇူလိုင်လ ၆ ရက်နေ့တွင် Royal Hinthar Hotel ၌ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းထားပြီး ဖြစ်သည်။

ဇွန်လ ၃ ရက်နေ့တွင် ဒေါက်တာအောင်နိုင်ဦး၏ Online သတင်း စာရှင်းလင်းပွဲ၌ “အမှန်တော့ ဒီလာမယ့် ၉ ရက်နေ့မှာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်။ တစ်ပါတီတည်းဖြစ်ရေးကို အဓိက ဦးစားပေး ဆောင် ရွက်နေတယ်ဆိုတော့ ဒီ ၆ ရက်နေ့မှာ အချင်းချင်းဆွေးနွေးမှု အဆင်ပြေခဲ့ရင် ဒီကြားထဲမှာ အဆင်ပြေသွားရင် အခြားကိစ္စ တွေ စဉ်းစားစရာမလိုတော့ဘူး။ ဒါပေမယ့် ဘာဖြစ်ဖြစ် ဒီကြားထဲမှာ တစ်ပါတီဖြစ် ရေးက ပိုပြီးအရေးကြီးတယ်”ဟု ပြောသည်။ ရွေးကောက်ပွဲကော်မရှင်၏ နည်းဥပဒေနှင့်အညီ မွန် ၂ ပါတီ၏အမည်တို့ကို အသစ်ပြောင်းလဲ၍ ပါတီသစ်တစ်ခု ပူးပေါင်းဖွဲ့စည်း မည်ဖြစ်ကြောင်း၊ ပါတီသစ်အမည် ကို အကြံပြုနိုင်ကြောင်း နှစ်ပါတီခေါင်းဆောင်များက ပြောသည်။