မြို့ပတ်ရထားဘူတာ ၃၇ ခုအဆင့်မြှင့်ရန် ဂျပန်ကုမ္ပဏီကမ်းလှမ်း

...

မြို့ပတ်ရထားဘူတာ ၃၇ ခုအဆင့်မြှင့်ရန် ဂျပန်ကုမ္ပဏီကမ်းလှမ်း

Myanmar Times, 12 Jul 2018

URL: https://www.mmtimes.com/news/japanese-firm-build-train-station-along-yangon-circular-railway.html
ရန်ကုန် မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ဘူတာများကို အဆင့်မြှင့် တင်ရန်အတွက် ဂျပန်အခြေစိုက် ဟဲလိုကွန်မြူနီကေးရှင်း ပီတီဝိုင် ကုမ္ပဏီက တင်ပြထားကြောင်း မြန်မာ့မီးရထား၊ တိုင်းအမှတ် ၇ စီးပွား ရေးဌာန အထွေထွေမန်နေဂျာ ဦးအာကာမင်း သူက ပြောသည်။

ထို့ကြောင့် ယခင်က မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ဘူတာများကို အဆင့်မြှင့်တင်ရန် အခြားမည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုပေးခဲ့ခြင်း မရှိသော်ငြား ယခုပထမဆုံး ခွင့်ပြုရန်စီစဉ်နေကြောင်း သူက ဆိုသည်။

''မြို့ပတ်ရထားလမ်းတစ်လျှောက် ဘူတာတွေကို အဆင့်မြှင့်တင်မှု ဆောင်ရွက်ဖို့ ၂ဝ၁၈ ခုနှစ် ဧပြီလလောက်ကတည်းက သက်ဆိုင် ရာဝန်ကြီးဌာနကို တင်ပြထားခဲ့တယ်။ ဝန်ကြီးက သမိုင်းဘူတာကို အရင် လုပ်ပါလို့ ပြောတယ်။ ကျွန်တော်တို့ကတော့ ဘူတာ ၃၇ ခုစလုံးကို အဆင့်မြှင့်ချင်တာ။ ဝန်ကြီးဆီက နှုတ်နဲ့ခွင့်ပြု မိန့်တော့ ကျပြီ။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ တရားဝင်ဖြစ်အောင်လို့ တရား ဝင်စာပြန် တင်တယ်။ ခွင့်ပြုတဲ့စာရမှ ဂျပန်နိုင်ငံဘက်က အဖွဲ့အစည်း တွေနဲ့ သေချာတိုင်းထွာတာတွေလုပ်ရမယ်''ဟု ဟဲလို ကွန်မြူနီကေး ရှင်းပီတီဝိုင်၏ဥက္ကဌ မစ္စတာ ခိမိအိုရှိချိဒက ပြောသည်။

ဘူတာများကို အဆင့်မြှင့်တင်ခြင်းနှင့်အတူ ဘူတာအနီးရှိ ဝန်ထမ်းအိမ်ရာများကိုပါ အဆင့်မြှင့်တင်ရန် ဝန်ကြီးဌာနက သတ်မှတ် ထားသော်လည်း ဘူတာတိုင်းတွင် ဝန်ထမ်းအိမ်ရာမရှိကြောင်းလည်း သိရ သည်။

မြို့ပတ် ရထားဘူတာရုံများ အဆင့်မြှင့်တင်မှု လုပ်ငန်းတွင် ပလက်ဖောင်းများအဆင့်မြှင့်တင်ခြင်း၊ လက်မှတ်ရောင်းချသည့်ရုံများ၊ ခရီးသည်များ နားနေဆောင်နှင့် အိမ်သာများ အသစ်တည်ဆောက်ခြင်း၊ ပ လက်ဖောင်းပေါ်တွင် ကော်ဖီဆိုင်များ တည်ဆောက်ခြင်း၊ စတိုးဆိုင်များ တည်ဆောက်ခြင်းနှင့် မီးရထား ဝန်ထမ်းအိမ်ရာများ အဆင့်မြှင့်တင်ခြင်းများပါဝင်သည်။

ဘူတာ ၃၇ ခု အဆင့်မြှင့်ရန် ကုန်ကျစရိတ်အဖြစ် လက်ရှိတွင် ဒေါ်လာ ၁၁ သန်း လျာထားကြောင်း မစ္စတာရှိချိဒက ပြောသည်။ ခွင့်ပြုချက်ရပါက မြန်မာ့မီးရထားက အဆိုပါကုမ္ပဏီထံ ဘီအိုတီစနစ်ဖြင့် နှစ် ၃ဝ မှ ၅ဝ ထိ ငှားရမ်းမည်ဖြစ်ပြီး သဘောတူညီချက် ရရှိပြီးပါက ယခုနှစ်စတင် အကောင်အထည်ဖော်ကာ ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ်မည်ဖြစ်သည်။