ရန်ကုန် မိုးပျံလမ်း စီမံကိန်း ၂၀၁၉ စတင်မည်

...

ရန်ကုန် မိုးပျံလမ်း စီမံကိန်း ၂၀၁၉ စတင်မည်

The Irrawaddy,, 18 Jul 2018

URL: https://www.irrawaddy.com/news/japan-fund-77m-neuro-cardio-hospital-yangon.html
ရန်ကုန်မြို့၌ တည်ဆောက်မည့် မိုးပျံ အမြန်လမ်းမကြီး (Yangon Elevated Expressway) စီမံကိန်းကို ၂၀၁၉ ခုနှစ် တွင် လုပ်ငန်းများ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ၃ နှစ်အတွင်း အပြီးတည် ဆောက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းစီမံကိန်းကို တည်ဆောက်ရန် စိတ်ဝင် စားသည့် နိုင်ငံပေါင်း ၁၂ ခုရှိ ကုမ္ပဏီပေါင်း ၅၃ ခုထဲမှနေ၍ အဆင့်ဆင့် စိစစ်ပြီးနောက် စီမံ ကိန်း တတိယအဆင့်အဖြစ် Request for Proposal ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင် ဘာလတို့တွင် ခေါ်ယူကာ နောက်ဆုံးပိတ် အောင်မြင်သည့် ကုမ္ပဏီတဖွဲ့ သို့မဟုတ် ၄ ဖွဲ့ အတွင်းမှ အတည်ပြု ရွေးချယ်မည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းသည် ဗိုလ်တထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်မှစတင်၍ ဗိုလ်တထောင် ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ခရေပင်လမ်း၊ အောက်မင်္ဂ လာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင့်တိုင် လမ်းတို့ကို ဖြတ်သန်းပြီး ပန်းလှိုင်လမ်းထောင့်တွင် ဆုံးမည့် လုပ်ငန်းစဉ်တခုဖြစ်ကြောင်း၊ မိုးပျံလမ်း အရှည်သည် ၄၇ ကီလိုမီတာခန့် ရှိမည် ဖြစ်၍ စီမံကိန်း၏ Phase 1 အဖြစ် ဗိုလ်တထောင် ဘုရားလမ်းထိပ်မှ မင်္ဂလာဒုံ ခရေပင် လမ်းဆုံအထိကို စတင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒု ဝန်ကြီးက ပြောသည်။