ရန်ကုန် မိုးပျံလမ်း စီမံကိန်း ၂၀၁၉ စတင်မည်

...

ရန်ကုန် မိုးပျံလမ်း စီမံကိန်း ၂၀၁၉ စတင်မည်

The Irrawaddy, 30 Jul 2018

URL: https://www.irrawaddy.com/news/burma/work-yangon-elevated-expressway-begin-next-year-says-minister.html
ရန်ကုန်မြို့၌ တည်ဆောက်မည့် မိုးပျံ အမြန်လမ်းမကြီး (Yangon Elevated Expressway) စီမံကိန်းကို ၂၀၁၉ ခုနှစ် တွင် လုပ်ငန်းများ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက်သွား မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ယနေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ကျောက်တံတားမြို့နယ် လွှတ်တော် ကိုယ်စား လှယ် ဦးနေမျိုးထက်၏ ရန်ကုန်တိုင်း အတွင်း ပြည်သူများ သွားလာမှု အဆင်ပြေစေရန်နှင့် ကားကြပ်တည်းမှုများ လျော့ပါး စေရန် Inner Ring Road ပြုလုပ်ရန် စီစဉ်ထားမှု အခြေအနေနှင့် ပတ်သက်သည့် မေးခွန်းကို ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက အထက်ပါအတိုင်း ဖြေဆိုခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို တည်ဆောက်ရန် စိတ်ဝင်စား သည့် နိုင်ငံပေါင်း ၁၂ ခုရှိ ကုမ္ပဏီပေါင်း ၅၃ ခုထဲမှနေ၍ အဆင့်ဆင့် စိစစ်ပြီးနောက် စီမံကိန်း တတိယအဆင့်အဖြစ် Request for Proposal ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့ တွင် ခေါ်ယူကာ နောက်ဆုံးပိတ် အောင်မြင်သည့် ကုမ္ပဏီ တဖွဲ့ သို့မဟုတ် ၄ ဖွဲ့အတွင်းမှ အတည်ပြု ရွေးချယ်မည် ဖြစ် ကြောင်း သိရသည်။

“၂၀၁၉ ခုနှစ် အစပိုင်းမှာပဲ Inner Ring Road ကို စတင် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ စတင် ဆောင်ရွက်တဲ့ အချိန် ကနေ စပြီးတော့ ၃ နှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပြီးတော့ ဒီစီမံကိန်း လုပ်ငန်းကို နိုင်ငံတော် ဘဏ္ဍာငွေနဲ့ တည်ဆောက်မှာ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေရဲ့ ကိုယ်ပိုင် အရင်းအနှီးနဲ့ ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်” ဟု ဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ရန်ကုန် မိုးပျံ အမြန်လမ်း စီမံကိန်းသည် ဗိုလ်တထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်မှစတင်၍ ဗိုလ်တထောင် ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင့်တိုင် လမ်းတို့ကို ဖြတ်သန်းပြီး ပန်းလှိုင်လမ်းထောင့်တွင် ဆုံးမည့် လုပ်ငန်းစဉ်တခု ဖြစ်ကြောင်း၊ မိုးပျံလမ်း အရှည်သည် ၄၇ ကီလိုမီတာခန့် ရှိမည် ဖြစ်၍ စီမံကိန်း၏ Phase 1 အဖြစ် ဗိုလ်တ ထောင် ဘုရားလမ်းထိပ်မှ မင်္ဂလာဒုံ ခရေပင် လမ်းဆုံအထိကို စတင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒု ဝန်ကြီးက ပြောသည်။