မွန် ၊ ကရင် ၊ တနင်္သာရီနှင့် ပဲခူးတို့တွင် ရေကြီး

...

မွန် ၊ ကရင် ၊ တနင်္သာရီနှင့် ပဲခူးတို့တွင် ရေကြီး

Eleven Myanmar, 31 Jul 2018

URL: http://www.elevenmyanmar.com/local/14437
မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီနှင့် ပဲခူးတိုင်းတို့တွင် ရေကြီးမှုကြောင့် အခြေခံကုန်စျေးနှုန်းတိုးလာကြောင်းသိရသည်။

ကရင်ပြည်နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း(၆၇)ခုတွင် မိသားစု ၅၃၀၂ စုတွင် လူဦးရေ ၂၅၀၅၀ ဦး၊ တနင်္သာရီတိုင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း(၂၂)ခု၌ မိသားစု ၁၁၅၆ စု စုစုပေါင်း လူဦးရေ ၅၈၉၅ ဦး၊ မွန်ပြည်နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း(၅၀)ခုတွင် မိသားစု ၃၆၉၅ စု စုစုပေါင်းလူဦးရေ ၁၅၈၈၄ ဦး၊ ပဲခူးတိုင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း(၁၅၇)ခုတွင် မိသားစု ၁၅၃၁၆ စုစုပေါင်းလူဦးရေ ၇၁၈၉၈ ဦး ခိုလှုံနေကြသည်။

သံလွင်မြစ်ရေသည် စိုးရိမ်အမှတ်ထိတိုးလာသောကြောင့် သံလွင်တံတားအား ယာယီပတ်ထားပြီး ဘားအံတွင် ကုန်စျေးနှုန်းတက်လျှက်ရှိသည်။

ကရင်ပြည်နယ်ရှိ မိုးလေဝသနှင့်ဇလဗေဒဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကိုကိုက သံလွင်မြစ်ရေသည် စိုးရိမ်စရာမြင့်တက်နေပြီး ၉၃၈ စင်တီမီတာသို့ရောက်ရှိနေပြီး ၂စင်တီမီတာမြင့်လာပါက အန္တရယ်ရှိ ကြောင်း ပြောကြားခဲ့သည်။

ဘီလင်းတွင်လည်း မိုးပြင်းထန်စွာရွာသွန်းသောကြောင့်သောက်သုံးရေများနှင့်ဆေးဝါးများလိုအပ်နေပြီး တောင်ကျချောင်းရေများသည်လည်း မြို့နယ်တွင် ဆိုးဆိုးဝါးဝါးရေကြီးမှုဖြစ်နေကြောင်း ဘီးလင်းမှလွှတ်တော် အမတ်သီရိရတနာက ပြောသည်။

ဇွန်လ ၃၀ရက်နေ့ ရေမြင့်တက်လာမှုအရ ဘီးလင်းမြစ်ရေသည် ၂၀၄၃ စင်တီမီတာရောက်ရှိနေပြီး ၂၁ မီတာအထက်သည် အန္တရယ်ရှိသည့်အဆင့်ဖြစ်သည်။ မြို့နယ်ရှိ တချို့နေရာများတွင် ရေကြီးမှုသည် ဇူလိုင် ၃၀ ရက်နေ့တွင် လျော့ကျလာပြီး ခရီးသွားများသည် ဇူလိုင်လ ၂၆ ရက်နေ့က ပိတ်ထားသည့် ရန်ကုန်-မော်လမြိုင်သို့ ခရီးသွားကားများဖြင့် ခရီးသွားလာနိုင်ပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရက ကြေငြာသည်။
သထုံနှင့် ကော့ကရိတ်တွင်လည်း ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။

ပဲခူးရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွင် စုစုပေါင်း ၂၇၂၉၄ ဦး ယာယီခိုလှုံနေကြသည်။ ပဲခူးရေဘေးကယ်ဆယ်ရေးကော်မတီမှ သုံးရက်စာ အစားအစာ၊ စားသုံးဆီရေနံနှင့်ခေါက်ဆွဲခြောက်များကို ပေးဝေခဲ့သည်။

ကရင်ပြည်နယ်အစိုးရမှ ရေဘေးကယ်ဆယ်ရေးစခန်း ၅၁ ခုကို မြို့နယ် ၅မြို့နယ်တွင် ဖွင့်လှစ်ထားပြီး လူပေါင်း ၁၅၀၀၀ခန့် လာရောက်ခိုလှုံလျှက်ရှိသည်။

သံလွင်မြစ်ရေသည် စိုးရိမ်စရာအထက်သို့ ရောက်ရှိပါက ရေဘေးဒုက္ခသည်များ ပိုမိုများပြားလာမည်ဖြစ်သည်။

ဘားအံမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု တွင် ရေဘေးဒုက္ခသည်အိမ်ထောင်စု ၁၉၄၅စု စုစုပေါင်း ၉၈၇၃ ဦး၊ လှိုင်းဘွဲ့မြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခုတွင် ရေဘေးဒုက္ခသည်အိမ်ထောင်စု ၄၄၆ စုစုပေါင်း ၂၅၀၃ ဦး၊ ကော့ကရိတ်မြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုတွင် ရေဘေးဒုက္ခသည်အိမ်ထောင်စု ၂၀၇ စု စုစုပေါင်း ၉၇၃ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုတွင် ရေဘေးဒုက္ခသည်အိမ်ထောင်စု ၂၅၇စု စုစုပေါင်း ၁၁၄၅ ဦးနှင့် ဖာပွန်မြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ခုတွင် ရေဘေးဒုက္ခသည်အိမ်ထောင်စု ၃၆၁စု စုစုပေါင်း ၁၆၉၂ ဦး လာရောက်ခိုလှုံနေကြသည်။
မွန်ပြည်နယ်ရှိ ကျောင်း ၁၄၅ ကျောင်းကို ဇူလိုင်လ ၂၂ ရက်နေ့မှစတင်၍ ယာယီပိတ်ထားရပြီး သြဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးဌာနရုံးမှ ပြောကြားခဲ့သည်။