မွန်ပြည်နယ်၌ ပျက်စီးလယ်ယာတစ်ဧကလျှင် မျိုးစပါးတစ်တင်းနှုန်းထောက်ပံ့မည်

...

မွန်ပြည်နယ်၌ ပျက်စီးလယ်ယာတစ်ဧကလျှင် မျိုးစပါးတစ်တင်းနှုန်းထောက်ပံ့မည်

Network Media Group, 13 Aug 2018

URL: https://www.bnionline.net/en/news/mon-state-govt-assist-flood-hit-farmlands
မွန်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် တစ်ဧကလျှင် မျိုးစပါးတစ်တင်းနှုန်း ပြည်နယ် အစိုးရက ထောက်ပံ့ပေးမည်ဟု သိရသည်။ဇူလိုင်လအတွင်းက သည်းထန်စွာရွာသွန်း ခဲ့သည့်မိုးကြောင့် မွန်ပြည်နယ်အတွင်း သြဂုတ် ၇ ရက်အထိစာရင်းအရ မိုးစပါးဧက ၆၅၀ဝ၀ ကျော် ရေနစ်မြုပ်ခဲ့ပြီးဧက ၁၇၀ဝ၀ ခန့် လုံးဝ ပျက်စီးဆုံးရှုံးခဲ့သည်။

သထုံခရိုင်အတွင်းရှိဘီးလင်းမြို့နယ်တွင် ဧက ၁၁၂၀ဝ ကျော်၊ ကျိုက်ထိုမြို့နယ်တွင် ဧက ၁၈၀ ကျော်နှင့် သထုံမြို့နယ်တွင် ဧက ၄၆၀ဝ ကျော်ရှိသည်ဟု သိရသည်။

"လောလောဆယ် မျိုးစပါးအတွက်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ သိန်း ၁၀ဝ၀ ယာယီပေါ့လေ၊ ထုတ်ထားပေးပြီးတော့ မျိုးစပါးအမြန်ဝယ်ယူစုဆောင်း ထားဖို့ စိုက်ပျိုးရေးဦးစီးဌာနကိုလမ်းညွှန် ထားတယ်၊ ပြည်နယ် အတွင်းမှာလိုအပ်လာလို့ရှိရင် ပံ့ပိုးပေးနိုင်ဖို့ ထပ်လိုမယ်ဆိုရင်လည်း ထပ်ပံ့ပိုးပေး သွားဖို့ ရှိတယ်၊ တစ်ဧကကိုတစ်တင်းနှုန်းနဲ့ပေါ့" ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

ပြည်နယ်အစိုးရထုတ်ပေးထားသည့် ငွေ ကျပ်သိန်း ၁၀ဝ၀ ဖြင့် ရက်ပေါင်း ၉၀ မျိုးစပါး တင်းပေါင်း ၁၁၅၀ဝ ကျော် ဝယ်ယူစုဆောင်း ထားပြီးတောင်သူများထံအမြန်ဆုံးဖြန့်ဝေပေး နိုင်အောင် ဆောင် ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောဆိုသည်။၎င်းပြင် တောင်သူ လက်ထဲတွင်လည်းမျိုး စပါးတင်းပေါင်း၂၀ဝ၀ဝ နီးပါးရှိနေသည့်အ ပြင်စိုက်ပျိုးရေးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအ သင်းမှ လှူဒါန်းထားသည့် မျိုးစပါးတင်း ၂၀ဝ၀ လည်းရှိနေသည့်အတွက် မျိုးစပါးလုံလောက်စွာရရှိ ထားပြီးဖြစ်သည်ဟု ဦးထွန်းဌေး ကပြောဆိုသည်။