မြိတ်ကျွန်းစု ပုလဲမွေးမြူရေးစခန်းများသို့ သွားရောက်လည်ပတ်နိုင်မည်

...

မြိတ်ကျွန်းစု ပုလဲမွေးမြူရေးစခန်းများသို့ သွားရောက်လည်ပတ်နိုင်မည်

Myanmar Times, 23 Aug 2018

URL: https://www.mmtimes.com/news/myeik-archipelago-pearl-farms-welcome-tourists-october.html
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစု ပုလဲမွေးမြူရေးစခန်းသို့ ပုလဲလေ့လာရေးခရီးစဉ်အဖြစ် ယခုနှစ်အောက်တိုဘာလ မှစ၍ သွားရောက်လည်ပတ်နိုင်ရန် ဖွင့်လှစ်မည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှု ဆောင် ဦးမျိုးဝင်းသန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြိတ်ကျွန်းစုတွင် ပုလဲမွေးမြူရေးစခန်း ၁၁ ခုရှိသည့်အနက် ရွှေကျွန်း ပုလဲမွေးမြူရေးစခန်း၊ ငလုံးလက်ဖယ်ကျွန်း ပုလဲ မွေးမြူရေးစခန်း၊ ဂျလန်းကျွန်း ပုလဲမွေးမြူရေးစခန်း၊ ဘုတ် ပြင်းမြို့နယ်အတွင်းရှိ နိုင်ငံပိုင် ပုလဲကျွန်းစခန်းနှင့် ကျွန်းစု မြို့နယ်အတွင်းရှိ ပုလဲတံခွန်စခန်းတို့ကို ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ စတင်လည်ပတ်နိုင်မည်ဟု ၄င်းက ပြောသည်။

ပုလဲမွေးမြူရေးလုပ်ငန်းများသည် သာမန်အားဖြင့် ခရီးသွား များ သွားရောက်ခွင့်မရှိသောနေရာများဖြစ်သော်လည်း အ ခြေခံအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့် ရှောက်ရသော ဂေဟအခြေပြုခရီး သွားလုပ်ငန်းနှင့် သဘာဝ ချင်းနီးစပ်သောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တ နင်္သာရီတိုင်းဒေသကြီးအစိုးရတို့က ဆောင်ရွက်ခွင့်ပြုခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။

ပုလဲမွေးမြူရေးစခန်းများတွင် မုတ်ကောင်များကို ပင်လယ်ရေအောက်တွင် မွေးမြူထားရှိပုံ၊ ရေပေါ်အိမ်ဟုခေါ်သည့် ရေပေါ် အလုပ်ရုံများပေါ်တွင် မုတ်ကောင်များပြုစုထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်ပုံ၊ မုတ်ကောင်သားဖောက် လုပ်ငန်းဆောင် ရွက်ပုံအဆင့်ဆင့်မှ အရွယ်ရောက်မုတ်ကောင်များကို ပုလဲဝတ်ဆံသွင်းပုံနှင့် ပုလဲပိုက်မုတ်ကောင်များမှ ပုလဲထုတ်ယူပုံများကို လက်တွေ့လေ့လာ တွေ့မြင်ကြရမှာဖြစ်သည် ဟု ၄င်းက ပြောသည်။

ထို့ပြင် ပုလဲလုပ်သားများ၏ ပုလဲထုတ်လုပ်ရေးလုပ်ငန်းစဉ်နှင့် လူမှုဘဝများကို အနီးကပ်လေ့လာနိုင်မည့်အပြင် မုတ်ကောင်များ၏ အခွံမှထုတ်လုပ်ထားသော လူသုံးအလှပစ္စည်းများနှင့် စခန်းထွက်ပုလဲများကို ဝယ်ယူနိုင်မည်ဟု ၄င်းက ပြောသည်။

ပုလဲလေ့လာရေးခရီးစဉ်သည် မြိတ်ကျွန်းစုသို့ အများဆုံးလာရောက်လည်ပတ်လျက်ရှိသည့် ထိုင်းနိုင်ငံသား ခရီးသွားများသာမက ပြည်တွင်းခရီးသွားများအတွက်ပါ ဆွဲဆောင်မှုတစ်ခုဖြစ်လာနိုင်သည်ဟု ဦးမျိုး ဝင်းသန်းက ပြောသည်။

ပုလဲမွေးမြူရေးစခန်းများကို လူဦးရေအကန့်အသတ်မရှိ လာရောက်ခွင့်ရှိသော်လည်း တစ်ပတ်လျှင် သုံးရက်ခန့်သာ ဖွင့်လှစ် ပေးမည်ဟု ၄င်းက ပြောသည်။ လာရောက်လည်ပတ်လိုသည့် ခရီးသွားဧည့်သည်များက ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှတစ်ဆင့် သက်ဆိုင်ရာပုလဲ မွေးမြူရေးများကို အနည်းဆုံး တစ်ရက်ကြိုတင် အကြောင်းကြားပေးရမည်ဖြစ်ပြီး နေ့ခြင်းပြန်ခရီးစဉ်အဖြစ် ရေအောက်သန္တာကျောက်တန်းများနဲ့ ရေ သတ္တဝါများကြည့်ရှုခြင်းများ(snorkeling) လေ့လာနိုင်မည်ဖြစ် သည်။