မြန်မာ့စီးပွားရေးဘဏ်မှ (SME) လုပ်ငန်းတစ်ခုလျှင် ငွေကျပ် သန်း ၅၀၀ ထုတ်ချေးမည်

...

မြန်မာ့စီးပွားရေးဘဏ်မှ (SME) လုပ်ငန်းတစ်ခုလျှင် ငွေကျပ် သန်း ၅၀၀ ထုတ်ချေးမည်

Mizzima, 06 Sep 2018

URL: https://www.bnionline.net/en/news/jica-offer-two-step-loan-help-smes
အသေးစားနှင့် အလတ်စား (SME) စီးပွားရေးလုပ်ငန်း တစ်ခုလျှင် ငွေကျပ်သန်း ၅၀၀ ထုတ်ချေးမည် ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ်မှ စက်တင်ဘာ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်သည် SME လုပ်ငန်းများအတွက် ပံပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေရယူပြီး SME လုပ်ငန်းများအတွက် နှစ်ဆင့်ချေး ငွေစီမံကိန်းကို စီမံခန့်ခွဲသူ အဖြစ် တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

SME သတ်မှတ်ချက်များနှင့်ညီညွတ်သော ကုန်ထုတ် လုပ်မှုလုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီ ရောင်းဝယ်ရေးလုပ်ငန်း၊ လက္ကားရောင်းဝယ်ရေး လုပ် ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသောလုပ် ငန်းများမှာ ချေး ငွေရယူနိုင်မည်ဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ အဖိုးတန်သတ္ထုရောင်းဝယ်ရေး လုပ်ငန်းများ၊ အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်း၊ ဖြေဖျော်မှု တင်ဆက်မှု (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ)၊ လက်နက် ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းစသည့် လုပ်ငန်းများ ကို ချေးငွေထုတ် ပေးမှုတွင် ပါဝင်မည် မဟုတ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“SME ကဏ္ဍဖွံ့ဖြိုးဖို့ဆိုရင် စျေးကွက်လိုတယ်။ နည်းပညာလိုတယ်။ ချေးငွေလိုတယ်။ အရည်အသွေး ထိန်းချုပ် မှုစနစ်တွေလိုတယ်။ နိုင်ငံတော်ကတော့ JICA နဲ့ ချေးငွေကိစ္စကိုလုပ်တာပေါ့။ နောက်စျေး ကွက်လည်း ရှာရဦးမှာပေါ့။ နိုင်ငံတော်ကနေ ချေးငွေနဲ့ ပတ်သက်တဲ့လိုအပ်ချက်ကို JICA Two-Step Loan နဲ့ ဖန်တီးပြီး စီစဉ်ပေးတာတော့ ကောင်းတာပေါ့။ ဒီထက်ပိုပြီးလုပ်ပေးနိုင်ဖို့ပဲ စဉ်းစားရမှာပေါ့” ဟု ကုန်သည်စက်မှု အသင်းချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်(၁)အတွက် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘော ဇဘဏ်၊ သမဝါ ယမဘဏ်တို့တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ချေးငွေများကို အသုံးပြုရာတွင် စက်ပစ္စည်းကိရိယာများဝယ်ယူခြင်း အတွက် ၈ဝရာခိုင်နှုန်း၊ လှည့်ပတ်ရင်းနှီးသုံး စွဲငွေအတွက် ၂ဝရာခိုင်နှုန်း ချေးသွားမည်ဖြစ်သည်။ ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈.၅ရာခိုင်နှုန်းဖြစ်ပြီး ၁နှစ်အထက်မှ ၅နှစ်အထိ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။