မြန်မာ-ထိုင်းနယ်စပ် မောတောင်ရှိလင်းခင်းမှု ၇၀ ရာခိုင်နှုန်း ပြီးစီး

...

မြန်မာ-ထိုင်းနယ်စပ် မောတောင်ရှိလင်းခင်းမှု ၇၀ ရာခိုင်နှုန်း ပြီးစီး

Eleven Myanmar, 19 Sep 2018

URL: http://www.elevenmyanmar.com/local/15107
ထုန်းခါး- မောတောင်လမ်းမကြီးဖောက်လုပ်မှုသည် ၇၅ ရာခိုင် နှုန်းပြီးစီးနေပြီဖြစ်ပြီး ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်သည်။ တနင်္သာရီမြို့နယ်ရှိ ထုန်းခါး- မောတောင်လမ်းမကြီးကို မြိတ်လူထုကုမ္ပဏီက တာဝန် ဆောက်လုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် အ ပြီးသတ်မည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

လက်ရှိတွင် မုတ်သုန်ရာသီဖြစ်သောကြောင့် လမ်းအား ခရီးသွားရာတွင် အသုံးမပြုနိုင်သေးပေ၊ ကုန်စသည်များ သယ်ယူမှုတွင် အခက်အခဲများ ကြုံတွေ့နေရသည်။

ကျွန်တော်တို့ ကုမ္ပဏီက လမ်းဆောက်လုပ်မှုကို တာဝန်ယူဆောက်လုပ်နေပါတယ်။ ပြီးဖို့ ၃ လလောက်လိုပါသေးတတ်။ နောက်ထပ် အစိုးရက တန်သာရီတံတားကို တည်ဆောက်နေပါပြီ၊ ဒီနှစ်ကုန်မှာ ပြီးပါလိမ့် မယ်။ ရလဒ်အနေနဲ့ကတော့ ထိုင်းက မြန်မာနိုင်ငံမှာ စီးပွားရေးတွေ လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေကြပါတယ်၊ မြိတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ သူတို့ ပြင်ဆင်နေကြပါတယ်ဟု မြိတ်လူထုကုမ္ပဏီမှ ဥက္ကဌဖြစ်သူ ဦးလှသန်းက ပြောသည်။