ရခိုင်ပြည်နယ်တွင် JICA အကူအညီဖြင့် စာသင်ကျောင်း ၁၅ ကျောင်းဆောက်မည်

...

ရခိုင်ပြည်နယ်တွင် JICA အကူအညီဖြင့် စာသင်ကျောင်း ၁၅ ကျောင်းဆောက်မည်

Narinjara, 19 Sep 2018

URL: https://www.bnionline.net/en/news/rakhine-state-build-15-schools-jicas-assistance
ရခိုင်ပြည်နယ်တွင် JICA (Japan International Cooperation Agency) ၏ အကူအညီဖြင့် (၂၀၁၈-၂၀၁၉) ပညာသင်နှစ် အတွင်း စာသင်ကျောင်း ၁၅ ကျောင်း ဆောက် လုပ်သွားမည်ဟု သတင်းရ ရှိသည်။

တည်ဆောက်မည့် ကျောင်းများထဲတွင် စစ်တွေမြို့ နယ်မှ ၄ ကျောင်းပါဝင်ပြီး ၎င်းတို့မှာ အထက (ခွဲ) ၃ ရေတပ်၊ မူလွန်-သင်္ဂနက်၊ မူလွန်-သာ ယာကုန်း၊ အလက-အောင်ဒိုင် တို့ ဖြစ်ကြသည်။

ပုဏ္ဍားကျွန်းမြို့နယ်တွင် ၃ ကျောင်း တည် ဆောက်မည် ဖြစ်ရာ ၎င်းတို့မှာ အထက-ကျွဲထိုး၊ မူလွန်-ကုန်တမ်း(ကုန်တန်း)၊ အထက(ခွဲ) ပြင်လျားရှည်တို့ဖြစ်ကြပြီး ကျောက်တော်မြို့နယ်မှ အထက(ခွဲ) ရှမ်း ရွာနှင့် မူလွန်- သရက်တစ်ပင် ကျောင်းတို့ ပါဝင်သည်။

မြောက်ဦးမြို့နယ် ၂ ကျောင်းပါဝင်ရာ ၎င်းကျောင်းများမှာ အထက-တိန်ညိုနှင့် မူလွန်-အင်းရှည် တို့ဖြစ်ကြပြီး မင်းပြားမြို့နယ်မှ ၂ ကျောင်းတွင် အထက (၁) မင်းပြားနှင့် အထက-ကနီ(ကမ်းနီ) တို့ဖြစ်ကြ သည်။

မြေပုံမြို့နယ်တွင် အထက (လွန်းလုံပိုက်)နှင့် ကျောက်ဖြူမြို့နယ်မှ ဇင်ချောင်း အထကတို့ ပါဝင်သည်။ဆောက်လုပ်မည် ကျောင်းများကို ရွေးချယ်ပုံနှင့် ပတ်သက်ပြီး သူက ယခုလို ပြောကြားသည်။

“ ကျောင်းများရွေးချယ်သလဲဆိုတာ ရေကြီးမြေပြို သဘာဝ ဘေးဒဏ်ခံရတဲ့ ကျောင်းတွေပါ ခင်ဗျား။ ၂၁၀၅ ဆိုင်ကလုန် Cyclone Komen တိုက်ခိုက်ပြီး ယူနီဆက်က ဆောက်တယ်၊ JICA က ဆောက် တယ်။ နောက်လက်ကျန် ကျောင်းတွေကို ရွေးလိုက်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

၂၀၁၅ ခုနှစ် တိုက်ခတ်သွားသော ကိုမန် မုန်တိုင်း အတွင်း JICA မှ ဂျပန်ယန်း ၁၅၀ ဘီလီ အသုံးပြုကာ မြန်မာ တစ်နိုင်ငံလုံး ၄၉၃ ကျောင်းဆောက်လုပ်ရန် သတ်မှတ်ခဲ့ကြောင်း၊ ထိုအထဲတွင် ရခိုင်မှ ကျောင်း ၂၆၀ ကျောင်းကို ပြုပြင်ခြင်း၊ အသစ်ဆောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းကျောင်းများအတွက် ပထမအကြိမ်တင်ဒါ၊ ဒုတိယ အကြိမ် တင်ဒါ၊ တတိယ အကြိမ် တင်ဒါများကို ခေါ်ယူခဲ့ပြီ ဖြစ် ကြောင်း ယခုစာသင်ကျောင်း ၁၅ ကျောင်းအတွက် တင်ဒါမှာ စတုတ္ထ အကြိမ် ခေါ်ယူမည့် တင်ဒါဖြစ်ကြောင်း ဦးကျော်နိုင်က ပြောကြားသည်။