ဘတ်ဂျက်အသစ်များကို ကရင်လူထုအား ပွင့်လင်းမြင်သာမှုရှိစေရန် ချပြမည်

Myanmar Times, 17 Oct 2018
URL: https://www.mmtimes.com/news/kayin-reaches-out-citizens-new-budget.html
ကရင်ပြည်နယ်အတွက် ဒေသဆိုင်ရာဘတ်ဂျက်အား ဒေသခွဲအစိုးရ၏ ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် အာရှဖောင်ဒေးရှင်း၏အကူအညီနှင့်အတူ ပြည်သူများအား ကရင်ပြည်နယ်ဘက်ဂျက် ပွင့်လင်း မြင်သာမှုအစည်းအဝေးတွင် ပြည်သူများအားချပြရန် ကြေညာခဲ့သည်။
ဘားအံမြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး NGOs များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်အခြားသောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြသည်။
TAF နိုင်ငံသားဆိုင်ရာဘတ်ဂျက်အစီရင်ခံစာကို အရေးပါသောဘတ်ဂျက်အချက်အလက်များဖြင့် တင်ပြထားပြီး စာသားများကို အလွယ်တကူနားလည်စေရန်နှင့် ထင်သာမြင်သာရှိစေရန်ပြုလုပ်ထားသည်။
ဥပမာ စာတမ်းတွင် ကရင်ပြည်နယ်အစိုးရ၏မိုက်ခရိုစီးပွားစွမ်းဆောင်မှု ၊ ဝင်ငွေနှင့် အသုံးစရိတ် အံဝင်ခွင်ကျဖြစ်မဖြစ်နှင့် အခွန်များအား မည်သည့်နေရာတွင် အသုံးချသည်ဆိုသည့် အချက်အလက်များ ပေးခြင်း စသည်ဖြင့် အားလုံး ရှင်းလင်းထားသည်။
နှစ် ၅၀ ကြာ အာဏာရှင်စနစ်အတွင်း အစိုးရနှင့် ၎င်း၏နိုင်ငံသားများသည် ဝေးကွာနေခဲ့ကြောင်း TAF မှ ဦးဇော်မင်းထွဋ်က ပြောခဲ့သည်။
ဤအလုပ်ရုံဆွေးနွေးပွဲသည် ဘဏ္ဍာရေးကိစ္စများနှင့်စပ်လျဉ်း၍ ပြည်သူများ အသိပညာရရှိရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် အာရှဖောင်ဒေးရှင်းမှ ပေးသည့် တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် ခြေလှမ်းဖြစ်သည်။
ယနေ့တွင် ပြည်နယ်များသည် ၎င်းတို့၏ဘတ်ဂျက်ကို စီမံရာတွင် လွတ်လပ်စွာစီမံခွင့်ရှိသည်။ သို့သော်လည်း လွန်ခဲ့သော ခြောက်လက ကရင်ပြည်နယ်၏ဝင်ငွေ ၆ရာခိုင်နှုန်းသည် ဒေသကြီးတွင် ကျန်ရှိ နေဆဲဖြစ်သည်။
ကရင်ပြည်နယ်သည် မြဝတီနှင့်မဲဆောက်နယ်စပ်အတွင်း ကုန်သွယ်မှတ်ကဲ့သို့ဖြစ်နေပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့ပြီး ပြည်ထောင်စုအစိုးရသည် ဒေသသို့ ငွေကြေးရန်ပုံငွေ ပိုမိုခွဲဝေချ ပေးသင့်သည်ဟု အများက ထင်ကြသည်။
စက်မှုလုပ်ငန်းအားလုံးအပြင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်နယ်မှ ခွဲဝေချထားပေးမှုအများဆုံးရှိသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် လမ်းပန်းအခြေအနေဝေးလံသောနေရာ တွင်ရှိသောကြောင့် လစ်လျှူရှုမှုများခံနေရသည်။ နှစ်ပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားမှု၊ ရေကြီးခြင်းနှင့် ငွေကြေးရန်ပုံငွေပြတ်လပ်ခြင်းများသည် ပြည်နယ်၏တိုးတက်မှုကို အဟန့်အတားများဖြစ်စေခဲ့ သည်။
နောင်အနာဂတ်တွင် ရန်ပုံငွေလုံလောက်စွာရရှိပါက ပြည်သူများသည် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်ရန်အတွက် ငွေကြေးအား ခရီးသွားလုပ်ငန်းများတွင် မြှုပ်နှံစေချင်ကြသည်။ သို့သော် ယခုတွင် ပြည်နယ်သည် လိုအပ်သောအခြေခံအဆောက်အဦးများတည်ဆောက်ရန်အတွက် ကျန်နေသေးရစ်သည်။
ထို့ပြင် ကေအဲန်ယူအဖွဲ့အစည်းမှ ကောက်သည့် အခွန်အခများကိုလည်းဆောင်ရသေးသည်။
နိုင်ငံတော်အဆင့်တွင် ဘတ်ဂျက်နှင့်စာရင်းစစ်ခြင်းသည် အနုစိတ်သော ဗျူရိုကရက်တစ်လုပ်ငန်းစဉ်မှတဆင့်သွားခြင်းဖြစ်သည်။