မြဝတီမြို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ချေးငွေ ဒေါ်လာ ၂၄ သန်း အသုံးပြုမည်

...

မြဝတီမြို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ချေးငွေ ဒေါ်လာ ၂၄ သန်း အသုံးပြုမည်

Myanmar Times, 16 Nov 2018

URL: https://www.mmtimes.com/news/us24m-loan-fund-myawady-development.html
ကရင်ပြည်နယ်ရှိ မြဝတီမြို့အား အကြီးမားဆုံးမဲခေါင်ဒေသခွဲ၏ အရှေ့နောက်စီးပွားရေးစင်္ကြန်၌ အကြီးမားဆုံးနယ်စပ်ကုန်သွယ်ရေးအဖြစ်ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံမှ ချေးငွေ ယူအက်စ်ဒေါ်လာ ၂၄.၃ သန်း ကို မြန်မာက အသုံးပြုမည်ဖြစ်သည်။

“ဒီချေးငွေကို မြဝတီမြို့ကို အဆင့်မြှင့်တင်ဖို့အတွက် စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ အသုံးပြုမှာပဲဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဦးဟန်ဇော်ထွန်းက ပြည်ထောင်စုလွှတ်တော်သို့ အင်္ဂါနေ့က ပြောခဲ့သည်။

ကရင်ပြည်နယ်အစိုးရက အကောင်အထည်ဖော်မည့် စီမံကိန်းကြောင့် မြို့၏ဝန်ဆောင်မှုစနစ်များ၊ စီမံကိန်းများ၊ စီမံခန့်ခွဲမှုများ၊ အခြေခံအဆောက်အဦးများနှင့် သမိုင်းဝင်အဆောက်အဦးပြင်ဆင်ခြင်းများ စသည်တို့ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

ထိုင်းနိုင်ငံမှ နှစ်သုံးဆယ်ချေးငွေတွင် အတိုးသည် တစ်နှစ်လျှင် ၁.၅ ရာခိုင်နှုန်းရှိပြီး ၁၀ နှစ်တာကာလ သတ်မှတ်ပေးထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

မဟာမဲခေါင်ဒေသခွဲ အရှေ့နောက်ပိုင်းစီးပွားရေးစင်္ကြန်တွင်ပါဝင်သော မွန်ပြည်နယ် မော်လမြိုင်မြို့နှင် ကရင်ပြည်နယ် ဘားအံမြို့၌ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ယူအက်စ်ဒေါ်လာ သန်း ၈၀ကိုလည်း မြန်မာမှ ချေးယူခဲ့သည်။ ချေးငွေကို လွှတ်တော် ၂ရပ်စလုံးက မတ်လတွင် အတည်ပြုပေးခဲ့သည်။

ထို မြို့တော် ၃ ခုအတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ၂၀၁၉-၂၄တွင် စတင်ရန်မျှော်မှန်းထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ ငွေကြေးပံ့ပိုးမှုဖြင့် ယူအက်စ်ဒေါ်လာ ၁.၃၅ သန်းကို ၂၀၁၄-၁၆ အတွင်း စီမံကိန်း ကနဦးလေ့လာမှုအတွက် အသုံးပြုခဲ့သည်။

ယခုနှစ် မတ်လ ၃၁ ရက်နေ့ထိတိုင် မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦးများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ယူအက်ဒေါ်လာ ၁၀.၂ ဘီလီယံကို ပြည်ပနိုင်ငံများနှင့် ပြည်ပအဖွဲ့အစည်းများထံမှ ချေးယူခဲ့ ကြောင်း ဦးမောင်မောင်ဝင်းက ပြောခဲ့သည်။