ဒေါ်အောင်ဆန်းစုကြည်ထံမှ AI အဖွဲ့၏ အမြင့်ဆုံးဂုဏ်ပြုဆုကို ရုပ်သိမ်း

CNN, 12 Nov 2018
URL: https://edition.cnn.com/2018/11/12/asia/suu-kyi-amnesty-award-intl/index.html
ဒေါ်အောင်ဆန်းစုကြည်၏ တချိန်က ရပ်တည်စွဲကိုင်ခဲ့ သောတန်ဖိုးများကြောင့် ပေးအပ်ချီးမြှင့်ခဲ့သည့် အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အမြင့်ဆုံးဂုဏ် ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်း ကြောင်း နိုဝင်ဘာ ၁၃ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။
ယုံကြည်မှုကို မဆုတ်မနစ် စွဲကိုင်ထားသူ ဂုဏ်ထူးဆောင် သံတမန်ဆုအား ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးနောက် ပိုင်း ၎င်း၏ နိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ သြဇာအာ ဏာတို့ကို အသုံးပြု၍ လူ့အခွင့်အရေးနှင့် တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အကာအ ကွယ်မပေးနိုင်ခဲ့သလို၊ မသိ ကျိုးကျွံပြု နေခဲ့ခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်တို့ သည်းခံနိုင်မှု နည်းပါးလာသည်တို့ကို ထောက်ပြ၍ ယခုလို ရုပ်သိမ်းရ ခြင်းဖြစ်သည်ဟု AI ၏ အထွေထွေအတွင်း ရေးမှူး ကူးမီနိုင်ဒူးက ပြောသည်။
"ယခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ချက်၊ သတ္တိနဲ့ လူ့အခွင့်အရေးများကို မဆုတ်မနစ် ကာကွယ်ပေးသူတစ်ဦးရဲ့သင်္ကေတအဖြစ် ဆက်လက် ကိုယ်စားမပြုနိုင်တော့သည်ကို မိမိတို့အနေဖြင့် အ လွန်စိတ်ပျက်စဖွယ် တွေ့ရှိခဲ့ရပါပြီ။ သို့အတွက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယုံကြည်မှုကို မဆုတ်မနစ် ဆွဲကိုင်သူ ဂုဏ်ထူးဆောင် သံတမန် တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေရန် အနေအထားမရှိတော့ပါ၍ ကြီးစွာသော ဝမ်းနည်းမှုဖြင့် ၎င်းဆုအား ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်လည်ရုပ်သိမ်းတော့မည်ဖြစ်ပါသည်" ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးနောက်ပိုင်း ၎င်းအား ချီးမြှင့်ခဲ့သည့် ယခုဆုအပါအဝင် နိုင်ငံတကာမှ ဂုဏ်ပြုဆုများ ၉ ခုထက်မနည်း ရုပ်သိမ်းခံခဲ့ရသည်။
စက်တင်ဘာလ၌ ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ အခြေအနေများကို ပိုမိုကောင်းမွန်စွာဖြေရှင်းနိုင်ကြောင်း ပြောကြားခဲ့သည်။
တပ်မတော်အား စစ်ဆေးခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ပေးနေသလား
ယမန်နှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် တပ်မတော်၏အကြမ်းဖက်နှိမ်နင်းမှုကြောင်း ထွက်ပြေးခဲ့သော ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀ ကျော်ကို နေရပ်ပြန်လည်ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ် ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်က တရားဝင်ကြေငြာခဲ့သည်။
မြန်မာတပ်မတော်သည် အဓမ္မပြုကျင့်မှု၊ သတ်ဖြတ်မှုနှင့် မီးရှို့မှု စသည့်ဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို စနစ်တကျကျူးလွန်သည်ဟု စွပ်စွဲခံနေပြီး ရိုဟင်ဂျာ ၇ သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက် ပြေးခဲ့သည်။
UN မှ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးသို့ မြန်မာတပ်မတော်ခေါင်းဆောင်များအား လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ တရားစွဲဆိုနိုင်ရန်အတွက် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုပ်မှုများကို အကာအကွယ်ပေးနေကြောင်းဖော်ပြထားပြီး သူမ၏အစိုးရသည် တပ်မတော်အား နိုင်ငံတကာမှ စစ်ဆေးအရေးမယူ စေရန် ကာကွယ်ပေးထားကြောင်းဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ထပ်တလဲလဲငြင်းဆိုခဲ့ပြီး တပ်မတော်သည် ရိုဟင်ဂျာစစ်သွေးကြွများ တိုက်ခိုက်ခြင်းကို ကာကွယ်ခြင်းဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။
တက်ကြွစွာလှုပ်ရှားသူများနှင့် သတင်းထောက်များ ထောင်ချခံရခြင်း
မြန်မာနိုင်ငံအရပ်သားအစိုးရသည် အာဏာအား တပ်မတော်နှင့်အတူ ခွဲဝေသုံးစွဲနေပြီး တပ်မတော်သည် လွှတ်တော်နေရာ၏ လေးပုံတစ်ပုံကို ချုပ်ကိုင်ထားသည်။ သို့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်အ ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးအတွက် အကျိုးအမြတ်ရရှိမည့် ပြုပြင်ပြောင်းလဲမှုများကို ပြဋ္ဌာန်းရန်အတွက် သူမ၏ နိုင်ငံတော်အတိုင်ပင်ခံရာထူးအာဏာကို အသုံးပြုခြင်းမရှိကြောင်း ဝေ ဖန်ခဲ့သည်။ သူမအစိုးရဖြစ်လာသည့် ၂၀၁၅ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးတက်ကြွစွာလှုပ်ရှားသူများနှင့် သတင်းထောက်များသည် ၎င်းတို့အလုပ်အတွက် ကိုလိုနီခေတ်ဖိနှိပ်မှုဥပဒေများအောက်၌ ဆက်လက်ဖမ်းဆီး ထောင်ချခံနေရကြောင်း အဖွဲ့ကပြောသည်။
ယခုနှစ်အစောပိုင်းတွင် Reuter မှ သတင်းထောက်နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက်ဖောက်ဖျက်မှုဥပဒေအရ ထောင် ၇ နှစ် ချမှတ်ခံရသည်။ ဝလုံးနှင့် ကျော်စိုးဦးသည် ရခိုင်ပြည်နယ်၌ စစ်တပ်မှကျူးလွန် သည်များကို သွားရောက်စုံစမ်းခဲ့ခြင်းဖြစ်သည်။
စံပြအဖြစ် ကြာရှည်စွာမရှိနိုင်တော့ခြင်း
ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာအရေးအခင်းကြောင့် ဆုပေါင်းများစွာနှင့် ချီးကျူးမှုများကို ပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။ ရခိုင်အရေးအခင်းတွင် ကြားဝင်ဆောင်ရွက်မှု မရှိသောကြောင့် US Holocaust Memorial ပြတိုက်မှပေးသည့် ဂုဏ်ထူးဆောင် Elie Wiesel ဆုကို မတ်လ၌ ပြန်လည်ရုပ်သိမ်းခံလိုက်ရသည်။
တပ်မတော်အား ဆန့်ကျင်သည့်သူမကို ၁၉၉၇ ခုနှစ်၌ အောက်စဖို့ဒ်မှ ပေးထားသည့်ဆုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ရုပ်သိမ်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ဒ်ရှိ St. Hugh ကောလိပ်တွင် ဘွဲ့ကြိုအဖြစ် ပညာသင်ကြားခဲ့သော်လည်း ကောလိပ်ရှိ သူမ၏ ပုံတူကို ဖယ်ရှားခဲ့သည်။
စက်တင်ဘာလတွင် ကနေဒါလွှတ်တော်၌ သူမဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းရန် မဲနှိုက်ခဲ့ကြသည်။