မြဝတီနယ်စပ်ဖြတ်ကျော်ဂိတ်အား ၂၄ နာရီပြန်လည်ဖွင့်လှစ်ပေးရန် ဆွေးနွေးနေ

...

မြဝတီနယ်စပ်ဖြတ်ကျော်ဂိတ်အား ၂၄ နာရီပြန်လည်ဖွင့်လှစ်ပေးရန် ဆွေးနွေးနေ

Myanmar Times, 22 Nov 2018

URL: https://www.mmtimes.com/news/myawady-border-crossing-may-resume-24-hour-operations.html
ကရင်ပြည်နယ် မြဝတီမြို့နှင့်ထိုင်းနိုင်ငံအတွင်းရှိ နယ်စပ်ဖြတ်ကျော်ဂိတ်ကို တနေ့တွင် ၂၄ နာရီပတ်လုံး ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ် မှူးကြီးမျိုးမင်းနောင်က ပြောကြားခဲ့သည်။

“ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့က တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေပါတယ်” ဟု သူကပြောသည်။ တရားမဝင်ကုန်သွယ်ခြင်း၊ ကာစီနိုလောင်းကစားဝိုင်းများနှင့် တရားမဝင်ရွေ့ပြောင်းခြင်းများကဲ့သို့ ပြဿာနာရပ် များကိုလည်း ၎င်းတို့ဆွေးနွေးဖို့လိုကြောင်း ပြောခဲ့သည်။

နိုဝင်ဘာ ၆ ရက်နေ့မှ စတင်ကာ မြဝတီနယ်စပ်ဖြတ်ကျော်ဂိတ်ကို ည ၈နာရီမှ နံနက် ၆ နာရီအထိ ဖွင့်လှစ်ခဲ့သည်။ ထိုသို့မတိုင်မီက ၂၄ နာရီပတ်လုံး ဖွင့်လှစ်ခဲ့သည်။

ထိုင်း-မြန်မာအာဏာပိုင်များသည် တရားမဝင်ကုန်သွယ်မှုများကြောင့် လုပ်ငန်းလည်ပတ်မှုအချိန်ကို ကန့်သတ်ထားခဲ့ကြောင်း ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပြောကြားခဲ့သည်။

ဂိတ်ကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ပါက နေရာတွင် လှုပ်ရှားမှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးရန်အတွက် အစိုးရသည် အရာရှိနှင့် ဝန်ထမ်းအရေအတွက်ကို တိုးမြှင့်ရမည်ဖြစ်သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ကရင်ပြည်နယ်၏ မြန်မာတိုင်းရင်းသားဝန်ကြီးတေဇထွဋ်လှိုင်ထွေးက ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်က သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့အတူပူးပေါင်းပြီး တရားမဝင်ကုန်သွယ်ခြင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ် ဟု ပြောခဲ့သည်။

မြဝတီသည် တရုတ်နယ်စပ်ရှိ မူဆယ်-ရွိုင်လီနယ်စပ်ဖြတ်ဂိတ်ပြီးလျှင် ဒုတိယအကြီးဆုံးနယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်သည်။လူနှစ်ဦးသေဆုံးခဲ့သည့် ကားဗုံးပေါက်မှုဖြစ်ပွားပြီးနောက် မြဝတီကို ၂၀၁၀ မှ ၂၀၁၁ ထိ ပိတ်ထားခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်မှုများကို ထိုအချိန်ကပင် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်စေခဲ့သည်။

ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သည့်တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းသည် မဲဆောက်နှင့် သောင်းရင်းမြစ်နယ်စပ်တလျှောက် တရားမဝင်ကုန်သွယ်မှုများကို ဖြစ်ပွားစေခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှု၌ ဒုတိယအများဆုံးဖြစ်ပြီး တတိယအများဆုံးတင်သွင်းသူများဖြစ်သည်။ နှစ်နိုင်ငံစလုံးမှ ကုန်သွယ်မှုသဘောတူညီချက်ကို ၁၉၈၉ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုသဘောတူညီချက်ကို ၁၉၉၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။