ရန်ကုန်-တောင်ငူမီးရထားလမ်း ပြန်လည်မွမ်းမံခြင်းကို လေးနှစ်အတွင်းပြီးစီးနိုင်ရန် အာဏာပိုင်များက မျှော်မှန်းထား

...

ရန်ကုန်-တောင်ငူမီးရထားလမ်း ပြန်လည်မွမ်းမံခြင်းကို လေးနှစ်အတွင်းပြီးစီးနိုင်ရန် အာဏာပိုင်များက မျှော်မှန်းထား

Eleven Myanmar, 20 Nov 2018

URL: https://elevenmyanmar.com/news/authorities-expect-to-finish-yangon-taungoo-railroad-upgrading-work-within-four-years
ရန်ကုန်-မန္တလေးမီးရထားလမ်း၏တစိတ်တပိုင်းဖြစ်သော ရန်ကုန်-တောင်ငူမီးရထားလမ်း မွမ်းမံခြင်းလုပ်ငန်းစဉ်ကို လေးနှစ်အတွင်း ပြီးစီးရန် မျှော်မှန်းထားကြောင်း မြန်မာ့မီးရထား၏အဆိုအရ သိရသည်။

ညောင်လေးပင်မီးရထားဘူတာရုံ၌ ရထားလမ်းကြောင်းများခင်းခြင်းနှင့် အချက်ပြစနစ်တပ်ဆင်ခြင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေးအဆင့် ၁ ကို အပိုင်း ၃ ပိုင်းဖြင့်ခွဲထားမည်ဖြစ်သည်- ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်နှင့် ညောင်လေးပင်-တောင်ငူတို့ဖြစ်သည်။

ပဲခူး-ညောင်လေးပင်နဲ့ ညောင်လေးပင်-တောင်ငူမီးရထားလမ်းတွေဆောက်လုပ်ခြင်းလုပ်ငန်းတွေ စတင်နေပါပြီ၊ စက်ပစ္စည်းသိုလှောင်တာနဲ့ ဆောက်လုပ်ရေးအဆောက်အဦးကိုလည်း စတင်ဆောက်လုပ်နေ ပါပြီဟု မြန်မာ့မီးရထားမှ အင်ဂျင်နီယာခေါင်းဆောင် မင်းချမ်းမွန်က ပြောသည်။

၂၀၁၈ မှ ၂၀၂၃ ထိ ၅ နှစ်တာစီမံကိန်းအတွက် ယူအက်စ်ဒေါ်လာ ၂.၇ ဘီလီယံကို ဂျပန်နိုင်ငံတကာပူးပေါင်ဆောင်ရွက်ရေးအဖွဲ့က ကူညီပေးမည်ဖြစ်သည်။

ရန်ကုန်-မန္တလေးမီးရထားလမ်းသည် ၃၈၅.၅ မိုင်ရှည်လျားပြီး စီမံကိန်းအဆင့် ၁ ဖြစ်သည့် ရန်ကုန်-တောင်ငူမီးရထားလမ်းအရှည်မှာ ၁၆၆ မိုင်ဖြစ်သည်။ ယင်းတို့အား ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် မျှော်မှန်းထား သည်။ စီမံကိန်းအဆင့် ၂ ဖြစ်သည့်တောင်ငူ-မန္တလေးမီးရထားလမ်းကို ၂၀၁၉ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် မျှော်မှန်းထားသည်။

ဒေသတွင်းကန်ထရိုက်များကို အချက်ပြမီးတပ်ဆင်ရန်နှင့် မီးရထားလမ်းမွမ်းမံရာ၌ အချို့သောအပိုင်းများတွင် ပါဝင်ရန် ခွင့်ပြုပေးမည်ဖစ်သည်။ ဒေသတွင်းနေထိုင်သူများအတွက် အလုပ်အကိုင်အခွင့်အ လမ်း ၃၂၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

စီမံကိန်းပြီးစီးပါက မီးရထားများသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထက် ပြေးဆွဲနိုင်မည်ဖြစ်ပြီး အဲကွန်းပါတပ်ဆင်ထားမည်ဖြစ်သည်။