ယခင်နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် အိမ်တည်ဆောက်ပေးမည်

...

ယခင်နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် အိမ်တည်ဆောက်ပေးမည်

Eleven Myanmar, 26 Nov 2018

URL: https://elevenmyanmar.com/news/a-home-for-former-political-prisoners-to-be-built
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် ယခင်နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် အိမ်တည်ဆောက်ပေးမည့် ကြိုတင်ညှိနှိုင်းအစည်းအဝေးအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တက်ရောက်ခဲ့သည်။

တည်ဆောက်မည့်နေရာမှာ တိုက်ကြီးမြို့နယ်ရှိ အုန်းနှဲပင်ကျေးရွာတွင် တည်ရှိသည်။

ယခင်နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် အိမ်ဆောက်ပေးဖို့စိတ်ကူးက တကယ့်ကောင်းမွန်တဲ့စိတ်ကူးတစ်ခုပါ။ နိုင်ငံရေးအတွက် ဘဝတွေပေးဆပ်ထားတဲ့သူတွေနဲ့ နေစရာအိမ်မရှိတဲ့သူတွေအတွက် ဒီနေရာမှာ အိမ်ဆောက်ပေးမှာပါ။ လက်ရှိမှာ ကြုံတွေ့ရမယ့်အခက်အခဲတွေကို အဆင်ပြေစေဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားဖို့လိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက်အိမ်တွင်သာမက အလုပ်အကိုင်များကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ တင်မောင်ထွန်း ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ခဲ့က[သည်။