ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်စုစည်းနိုင်ရန် ညှိနှိုင်းမှု ၉ဝရာခိုင်နှုန်းခန့် ပြေလည်မှုရရှိ

...

ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်စုစည်းနိုင်ရန် ညှိနှိုင်းမှု ၉ဝရာခိုင်နှုန်းခန့် ပြေလည်မှုရရှိ

Mizzima, 30 Nov 2018

URL: http://www.mizzima.com/article/uniting-ethnic-karen-armed-groups-90-cent-successful
တစ်ကွဲတစ်ပြားဖြစ်သွားသော ကရင်လက်နက်ကိုင်အဖွဲ့များကို တစ်စုတစ်စည်းတည်းပြန်လည်စုစည်းနိုင်ရန် ညှိနှိုင်းဆွေးနွေးလျက် ရှိရာ ပြေလည်မှု ၉ဝရာခိုင်နှုန်းခန့်ရှိကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့် တပ်မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ကပြောသည်။

"ကျွန်တော်တို့ ကရင်တွေတစ်ကွဲတစ်ပြားကွဲသွားတဲ့ ၃၊ ၄ ဖွဲ့ကို တစ်စုတစ်စည်းတည်း ပြန်လည်စုစည်းနိုင်ဖို့ ကျွန်တော်တို့လည်း ကြိုးစားခဲ့ပါတယ်။ ကရင်တစ်မျိုးသားလုံး ပြန်လည်စည်းလုံးညီ ညွတ်မှု ကျွန် တော်တို့ အကြီး အကဲအားလုံးက ကြိုးစားနေတာ ကျွန်တော်ထင်တာတော့ သဘောတူညီမှု၊ သဘောထားကြီး မားမှုကိုတော့ တော်တော်များများမြင်တွေ့ရတာ တအားကိုလည်း ကျေနပ်မိတယ်" ဟု ဗိုလ်မှူးကြီး စောချစ်သူ ကပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU/KNLA၊ KNU၊ DKBA စသည့်တို့ကို တစ်စုတစ်စည်းတည်း ပြန်လည်စုစည်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့ပြီး ကရင့်လက်နက် ကိုင်ပြန်လည်စည်း လုံး ညီညွတ်ရေးကော်မတီကိုလည်း ဖွဲ့စည်း ထားကြောင်း သိရသည်။

"ကွဲသွားတဲ့အရာလေးတစ်ခုကို ပြန်လည်စုစည်းဖို့ Original လို ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာတစ်ခုတော့ အများ သိပါတယ်။ အခုအချိန်ယူပြီး ညှိနှိုင်းဆွေးနွေးတာလည်း ပြေလည်မှုကိုတော့ ၁ဝဝမှာဆိုရင် ၉ဝရာ ခိုင်နှုန်းလောက် ပြောလို့ရပါပြီ" ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိအချိန်တွင်လည်း ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြေလည်မှုများရရှိကာ ယုံကြည်မှု တစ်ခုကိုလည်း တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဗိုလ်မှူးကြီး စောချစ်သူ ကဆို သည်။

"လက်ရှိဒေသ အခြေအနေကို နိုင်ငံရေးအရပြောရမယ်ဆိုရင် ငြိမ်းချမ်းသွားတာတော့ တစ်နှစ်ဝန်ကျင်းလောက် ပဲ။ ဆိုလိုတာ အသေးစိတ်အားလုံးပေါ့။ အရင်တုန်းကဆိုရင် BGF၊ DKBA ခွဲထွက်အဖွဲ့ မကြာမ ကြာပစ်ခတ်မှုတွေ ဖြစ်ပွားတာ ဒါဟာကျွန် တော်တို့ပြည်သူတွေမလိုလားပါဘူး" ဟု ဗိုလ်မှူးကြီး စောချစ်သူ ကဆက်ပြောသည်။