YBS ယာဉ်စီးခပေးကတ်စနစ်ကို ခြောက်လအတွင်း ယာဉ်အစီးရေ နှစ်ထောင်တွင် စတင်တပ်ဆင်အသုံးပြုသွားမည်

...

YBS ယာဉ်စီးခပေးကတ်စနစ်ကို ခြောက်လအတွင်း ယာဉ်အစီးရေ နှစ်ထောင်တွင် စတင်တပ်ဆင်အသုံးပြုသွားမည်

Myanmar Times, 16 Jan 2019

URL: https://www.mmtimes.com/news/ybs-card-system-coming-within-six-months.html
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်YBS ယာဉ်များတွင် အသုံးပြုမည့် ယာဉ်စီးခပေးကတ်စနစ် စက်များအား ယခုနှစ်ခြောက်လအတွင်း ယာဉ်အစီးရေ နှစ်ထောင်တွင် စတင်တပ်ဆင် အသုံးပြုသွား မည်ဖြစ်ရာ တစ်ကတ်လျှင်ယာဉ်စီးခ ငွေတစ်ထောင် ဖြည့်သွင်းပါက အခမဲ့အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္စာမျိုးက ပြောသည်။

ယနေ့ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးအများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင် အဖွဲ့ YRTA ရန်ကုန်ဘတ်စ်ကား YBS နှစ်နှစ်ပြည့် အခမ်း အနားတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။

ကတ်စနစ် YPS (Yangon Payment System ) စနစ်ကို တပ်ဆင်အသုံးပြုနိုင်ရန် Asia Starmar Transport Intelligent ကုမ္ပဏီအား တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်ထားပြီး MIC ခွင့်ပြုချက်ရရှိပြီးဖြစ်၍ MOU လက်မှတ်လည်း ရေးထိုးထား သည်။

"ယာဉ်စီးခပေးကတ်စနစ်ကို နောက်ခြောက်လအတွင်းမှာ ယာဉ် အစီးရေနှစ်ထောင်မှာ စပြီးတပ်ဆင်သွားမယ်။ MIC ခွင့်ပြုချက်နဲ့ စက်တွေတင်သွင်းထားပြီး ယာဉ်အစီးရေနှစ်ထောင်ကို နောက် ခြောက်လလောက် မှာတပ်ဆင်မယ်။ကိုးလလောက်ကျရင် ကားအစီးလေးထောင်မှာ တပ်ဆင်အသုံးပြုသွားမယ်။ ကတ်ပေါင်း တစ်သိန်းကို ပထမဦးဆုံးစပြီးထုတ်ပေးတဲ့အခါတစ်ထောင်ဖိုးငွေဖြည့်ရင် ကတ်ဖိုးပေးစရာမလိုပါဘူး။"ဟု ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပန်းသဉ္စာမျိုးက ပြောသည်။

ကတ်စနစ်နှင့်ပတ်သက်၍ ခရီးသွားပြည်သူများက ဘယ်နေရာတွင် မည်သို့ဆင်းမည်၊ တက်မည်ကို အရင်ဦးဆုံး သိရှိအောင်လုပ် ပြီးမှသာ မည်သည့်ယာဉ်လိုင်းကိုတိုးမည် မည်သို့လုပ်ဆောင်မည် စသည်တို့ကို YRTAကို တင်ပြမည်ဖြစ်သည်။

ကတ်စနစ်အား YBS ယာဉ်များသာမက water bus များတွင်လည်း အသုံးပြုသွားမည်ဖြစ်ရာ ယာဉ်စီးခကျသင့်ငွေအား ဖြတ်တောက် မည့်စက်ကို ယာဉ်တစ်စီးလျှင် အတက်အဆင်းနေရာ၌ စက်နှစ် လုံးအသုံးပြု မည်ဖြစ်သည်။