မန္တလေးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှစ်သိန်းနီးပါးထုတ်ပေး

...

မန္တလေးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှစ်သိန်းနီးပါးထုတ်ပေး

The Global New Light of Myanmar, 28 Jan 2019

URL: http://www.globalnewlightofmyanmar.com/nearly-200000-nrcs-issued-in-mandalay/
ဇန်နဝါရီလ ၂၈ ရက်နေ့က မန္တလေးမြို့တော်ခန်းမတွင် သစ္စာစီမံချက်ဖြင့် မန္တလေးတိုင်း မြို့နယ် ၂၈ မြို့နယ်မှ ကျောင်းသားများ၊ ဒေသခံများနှင့် မိဘမဲ့များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့သည်။

စီမံကိန်းအား United Pacific Co. Ltd နှင့် Advanced Myanmar Star Co. Ltd. တို့၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ လဝကနှင့် မန္တလေးဒေသကြီးအစိုးရတို့၏ ဦးဆောင်မှုဖြင့် စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
စီမံချက်ဖွင့်ပွဲအခမ်းအနားသို့ လဝကဝန်ကြီးဦးသိန်းဆွေမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားအရေအတွက်တိုးလာခြင်း၊ ရင်းနှီးမြှပ်နှံသူများလာခြင်းနှင့် နိုင်ငံခြားမှ

အခြားသောအလည်ပတ်ရောက်ရှိလာသူများအရေအတွက်များလာခြင်းစသည်ဖြင့် လှည့်လည်သွားလာခြင်း၏ အရေးပါမှုတိုးလာပုံကို ညွှန်ပြခဲ့သည်။ ဝန်ကြီးဌာနသည် ၎င်းတို့စိစစ်ပြီးရရှိသည့်ရလဒ်များအတိုင်း သက်ဆိုင်ရာကတ်အမျိုးအစားများကို ထုတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် တနိုင်ငံလုံးသန်းကောင်စာရင်းသည် အမျိုးသားဆိုင်ရာဖွံ့ဖြိုးရေးစီမံချက်များအတွက် အထောက်အကူဖြစ်စေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ “ခုနှစ်မှာ ယာယီသန်း ကောင်စာရင်းကောက်ယူဖို့ စတင်ဆောင်ရွက်နေပါပြီ။ လူထုဗဟိုပြုစီမံချက်ဖြစ်ပြီး ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပြည့်ဝစေပါလိမ့်မယ်။ ဒီမှတ်ပုံတင်ကတ်ပြားထုတ်ပေးတာကို ၂၀၁၆ မေလ ကတည်းကပဲ စတင်ဆောင်ရွက်ခဲ့ပါတယ်။ လွှတ်တော်အမတ်တွေတောင်းဆိုတဲ့နေရာတွေကို လှည့်လည်ကွင်းဆင်းကြည့်ရှု့ပြီး လိုအပ်တဲ့နေရာတွေမှာ စီမံချက်စတင်လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန္တလေးတိုင်းက မြို့နယ် ၁၃ မြို့နယ်ကို သွားရောက်ကွင်းဆင်းလှည့်လည်ကြည့်ရှု့နေပါတယ်” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် ပံ့ပိုးကူညီပေးသည့်ကုမ္ပဏီနှစ်ခုမှ စျေးကွက်မြှင့်တင်ရေးဒါရိုက်တာဒေါ်အေးမိစံတို့က လှည့်လည်ဆောင်ရွက်ရာတွင် ပံ့ပိုးပေးသည့်အကူအညီများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စီမံချက်တွင် တစိတ်တပိုင်းပါဝင်ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။ စီမံချက်အောက်တွင် ဒေသခံ ၈၀၀၀ ကျော်၊ မိဘမဲ့ဂေဟာများမှ ၇၇၀ ဦး၊ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား တစ်သိန်းကျော်အပါအဝင် လူနှစ်သိန်းနီးပါးကို သောကြာနေ့၌ မှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးခဲ့သည်။