ရခိုင်သို့ အကူအညီများအတားအဆီးမရှိ ပေးခွင့်ပေးရန် ယူအမ်တောင်းဆို

...

ရခိုင်သို့ အကူအညီများအတားအဆီးမရှိ ပေးခွင့်ပေးရန် ယူအမ်တောင်းဆို

Reuters, 15 Jan 2019

URL: https://www.reuters.com/article/us-myanmar-rakhine/u-n-calls-for-rapid-and-unimpeded-aid-access-to-myanmars-rakhine-idUSKCN1P8101
ရန်ကုန် - တပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်ကြိုးပမ်းနေ သည့်လက်နက်ကိုင်အများအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရခိုင် ပြည်နယ်တွင် လူသားချင်းစာနာသည့်အကူအညီများကိုအတားအဆီးမရှိခွင့်ပြုပေးရန်အတွက် မြန်မာအစိုးရထံ ကုလသမဂ္ဂက တနင်္လာနေ့တွင် တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရသည် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ယူအမ်အဖွဲ့ကို တိုက်ပွဲဖြစ်ပွားနေသည့်အဓိကနေရာများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၅မြို့နယ်ရှိ ကျေးလက်ဒေသများသို့ ခရီးသွားရောက်ခြင်းကို တားမြစ်သည့်စာအား ယခင်အပတ်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာကြက်ခြေနီကော်မတီနှင့် UN World Food Programme မှ ထိုတားမြစ်ထားခြင်းကို ပယ်ဖျက်ပေးရန်တောင်ဆိုခဲ့သည်။

ဇန်နဝါရီလအစောပိုင်းကတည်းက ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လူ ၅၀၀၀ ခန့် အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ကြပြီး ဘုန်းကြီးကျောင်းများနှင့် အများသုံးနေရာများတွင် သွားရောက်ခိုလှုံနေရကြောင်း သိရသည်။

“ဘာအကူအညီအကာကွယ်မှရမဘဲ တိုက်ပွဲဖြစ်နေတဲ့နေရာမှာရှိနေတဲ့လူထောင်ပေါင်းများစွာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေအတွက် လူသားချင်းစာနာတဲ့အကူအညီတွေပေးခွင့်ရဖို့ကို တင်းကြပ်ထား တဲ့အတွက် ကျွန်တော်တို့အလွန်အမင်းစိုးရိမ်ပူပန်နေပါတယ်” ဟု ယူအမ်ပြောရေးဆိုခွင့်ရှိသူ Pierre Peron က ပြောခဲ့သည်။

“အစိုးရအနေနဲ့ ကျွန်တော်တို့တောင်းဆိုထားတဲ့အတိုင်း အကူအညီတွေကို အတားအဆီးမရှိခွင့်ပြုပေးဖို့အတွက် အပြုသဘောနဲ့တုန့်ပြန်လာမယ်လို့ ကျွန်တော်တို့မျှော်လင့်နေပါတယ်။ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဥပဒေအရ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်မှုပေးဖို့ သေချာစေရပါမယ်” ဟု သူက အီးမေးလ်ထဲတွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်ရှိ စည်ပင်ရေးရာဝန်ကြီးဦးဝင်းမြင့်က လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမှုများအပေါ်ကန့်သတ်မှုများသည် လုံခြုံရေးပိုင်းဆိုင်ရာအကြောင်းပြချက်များကြောင့်ဖြစ်ကြောင့် Reuters သို့ ပြောခဲ့သည်။

“ဘယ်လောက်ကြာကြာပိတ်ထားမလဲတော့ မသိဘူး ” ဟု သူက ပြောခဲ့သည်။ “လုံခြုံရေးဆိုင်ရာပြဿနာတွေ မရှိရင်တွေ့ အကူအညီတွေကို ဝင်ခွင့်ပေးသွားမှာပါ။ ”

၂၀၀၇ ခုနှစ်၌ ရိုဟင်ဂျာမူဆလင်သောင်းကျန်းသူများ၏တိုက်ခိုက်မှုကြောင့် ဒေသအား တပ်မတော်မှ ဖြိုခွဲမှုအကြီးအကျယ်ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာ ၇၃၀၀၀၀ ခန့်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှသို့ ထွက်ပြေးခဲ့ကြသည်။

မကြာသေးမီက ရက္ခိုင်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်ပြီး ယင်းတို့က ရခိုင်ပြည်နယ်အတွက် ဗဟိုအစိုးရထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုခဲ့သည်။ ရခိုင်ပြည်နယ်သည် ဗုဒ္ဓဘာသာရခိုင်တိုင်းရင်းသားအများဆုံးနေထိုင်သည့်နေရာဖြစ်သည်။