ကလေးစစ်သား ၁၇၀၀ ကျော်အား မိဘများထံ ပြန်လည်ပေးအပ်

...

ကလေးစစ်သား ၁၇၀၀ ကျော်အား မိဘများထံ ပြန်လည်ပေးအပ်

Mizzima, 18 Jan 2019

URL: https://www.bnionline.net/en/news/more-1700-child-soldiers-reunited-their-parents
မြန်မာနိုင်ငံတွင် ကလေးစစ်သား ၁၇၀၀ ကျော်ကို မိဘများထံပြန်လည်အပ်နှံခဲ့ပြီး ၎င်းတို့အား စစ်သားစုဆောင်ပြီး အသုံးပြုခဲ့သည့် တပ်မတော်အရာရှိ ၈၀၀ ကျော်နှင့် အခြားသောတပ်မတော်မှသူများကို အပြစ်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးမှ အရာရှိတစ်ဦးက နေပြည်တော်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲအတွင်း ပြောခဲ့သည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းများအတိုင်း မြန်မာနိုင်ငံတွင် ကလေးစစ်သားအသုံးပြုမှုကိတပ်မတော်က ဆန့်ကျင်အရေးယူမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးထွန်းထွန်းက ပြောခဲ့သည်။

“နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းများအရ တပ်မတော်က ၂၀၀၇ ကနေ ၂၀၁၈ ခုနှစ်အတွင်း အရာရှိ ၆၄ ဦး၊ အခြားအရာခံ ၃၁၅ ဦးအပါအဝင် စုစုပေါင်း တပ်မတော်သား ၃၇၉ ဦးကို စစ်စည်းကမ်းအတိုင်း အရေးယူခဲ့ပါတယ် ”ဟု သူက ပြောခဲ့သည်။