မြန်မာမှ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖွံ့ဖြိုးရေးကို အားထုတ်လုပ်ဆောင်သင့်ကြောင်း အလည်အပတ်လာစဉ်အတွင်း UN အရာရှိမှ ပြောကြား

...

မြန်မာမှ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖွံ့ဖြိုးရေးကို အားထုတ်လုပ်ဆောင်သင့်ကြောင်း အလည်အပတ်လာစဉ်အတွင်း UN အရာရှိမှ ပြောကြား

Mizzima, 08 Feb 2019

URL: http://mizzima.com/development-features/myanmar-should-pursue%25E2%2580%2598green%25E2%2580% 2599- development-says-visiting-un-official
လာမည့်နှစ်တွင် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့လမ်းကြောင်းမှသည် ဖွံ့ဖြိုးရေးဆီသို့ရောက်အောင်ကြိုးပမ်းအားထုတ်ရာ၌ မြန်မာနိုင်ငံသည် အခွင့်အလမ်းကြီးကြီးမားမားရှိကြောင်း ယူအဲန်အရာ ရှိတစ်ဦးက လာရောက်လည်ပတ်စဉ်အတွင်း ပြောကြားခဲ့သည်။

UN Environment and UN Under-Secretary-General မှ ခေါင်းဆောင် Erik Solheim က Green Economy ညီလာခံနှင့်ပတ်သက်၍ ASEAN Institute တွင် မိန့်ခွန်းပြောကြားရန်အတွက် မြန်မာ နိုင်ငံသို့လာရောက်လည်ပတ်ခြင်းဖြစ်ပြီး အစိုးရအရာရှိများနှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် စီးပွားရေးအသိုင်းအဝိုင်း၊ အရပ်ဖက်အဖွဲ့အစည်းများစသည့်တို့၏အဖွဲ့ဝင်များနှင့် တွေ့ဆုံ စကားပြောခဲ့သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ၎င်းမှ ရန်ကုန်တိုင်းရှိ တိုင်းရင်းသားကျေးရွာအနီးရှိ ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ သတင်းထောက်များကို ခေါ်ဆောင်သွားခဲ့သည်။

နှစ်ခုစလုံးသည် လက်ဆင့်ကမ်းလုပ်ဆောင်နိုင်သောကြောင့် မည်သူမျှ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးမှုအတွင်း ရွေးချယ်မှု မပြုသင့်ကြောင့် ၎င်းမှ မိဇ္ဇျိမသို့ပြောခဲ့သည်။

“ ကြီးမားတဲ့အခွင့်အရေးကို အသုံးချပြီးတချိန်တည်းမှာ စိန်းလန်းစိုပြေဖွံ့ဖြိုးတိုးတက်တဲ့မြေဖြစ်လာဖို့ မြန်မာနိုင်ငံအတွက် ယူအဲန်သဘာဝပတ်ဝန်းကျင်ကနေ ပံ့ပိုးပေးမှုရရှိဖို့ ကျွန်တော်တို့ ကြည့်နေပါတယ်၊ ရှိနေတဲ့ကျောက်မီးသွေးထက်ပိုအဆင်ပြေမယ့် စွမ်းအင်တွေကို ပြန်လည်ဆန်းသစ်စေဖို့ မြှင့်တင်ပေးတာတွေ၊ အလုပ်အကိုင်ဖန်တီးပေးတာတွေနဲ့ ပိုမိုသာယာဝပြောစေဖို့ ကျွန်တော်တို့ မြှင့်တင်လုပ် ဆောင်နေပါတယ်” ဟု သူက ပြောခဲ့သည်။

“ကျွန်တော်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အခြားခေါင်းဆောင်အချို့နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်” ဟု Mr Solheim က ပြောခဲ့သည်။ အိန္ဒိယနဲ့ဂျာမဏီမှာဘာတွေလုပ်ပြီးနေပြီဆိုတာကို အကောင်းဆုံးဥပမာတွေပေးနိုင်ပါတယ် ၊ပြီးတော့ မြန်မာနိုင်ငံအတွက် ဒီဥပမာတွေ ပေးပြီးရှင်းပြလို့ရပါတယ်။ ဒါတွေကို ဆွေးနွေးနိုင်မယ့်၊ ကျွမ်းကျင်မှုတွေကိုသယ်ဆောင်လာနိုင်မယ့်၊ လက်တွေ့အရာ တွေရှိနိုင်မယ့် ကမ္ဘာလုံးဆိုင်ရာစင်္ကြန်တွေကို ကျွန်တော်တို့ ဖန်တီးနေပါတယ်။ ”

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲရာတွင် အနုတ်လက္ခဏာသက်ရောက်မှုရှိပြီး လက်ရှိတွင် စနစ်စည်းကမ်းချက်များနှင့်ပတ်သက်၍ စွမ်းရည်ကင်းမဲ့နေသည်။

ဒီရေတောစီမံကိန်း၌ ၎င်း၏ ထောက်ပြမှုများကြောင့် ဒီရေတောစိုက်ပျိုးခင်းများအတွက် အလားအလာကောင်းရှိနေခဲ့ပြီး သဘာဝပတ်ဝန်းကျင်ကို မည်သို့ကာကွယ်နိုင်ရန်အတွက် နည်းပညာသစ်များနှင့် ပညာပေးများရရှိလာပြီး ပြည်သူများသည် မုန်တိုင်းများနှင့်ဆိုက်ကလုံးများ၏ဆိုးကျိုးများကို ဟန့်တားလာနိုင်မည်ဖြစ်သည်။

ဒီရေတောများစိုက်ပျိုးရန်အတွက် ဒရုန်းများကို ယခုအခါ အသုံးပြုနေပြီဖြစ်ပြီး လူအင်အားကို အသုံးပြုခြင်းနှင့် နှိုင်းယှဉ်ပါက အခြေအနေ အကြီးအကျယ်တိုးတက်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

လူများသည် တစ်နေ့လျှင် ဒီရေတောပင်ပျိုငယ်များကို အနည်းငယ်သာစိုက်ပျိုးနိုင်သောကြောင့် အပင် အများအပြား စိုက်ပျိုးခြင်းကို ဆက်လက်လုပ်ဆောင်နိုင်သည်၊ ဒရုန်းမှ အပင် အနည်းအများမဆို စိုက်ပျိုးနိုင်သော်လည်း ၎င်းတို့မှ ပြန်လည်စိုက်ပျိုးနိုင်ပြီး အချိန်ကြာလာသောအခါ ပိုမိုကြီးမားသည့်စိမ်းလန်းမြေကို ရရှိနိုင်ပါသည်။